ကောလင်းထွေအုပ်ရုံးက စစ်သားတွေ အလံဖြူထောင်ပြီးလက်နက်ချ၊ မြို့သိမ်းတိုက်ပွဲအောင်မြင်

ကောလင်းထွေအုပ်ရုံးက စစ်သားတွေ အလံဖြူထောင်ပြီးလက်နက်ချ၊ မြို့သိမ်းတိုက်ပွဲအောင်မြင်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ထွေအုပ်ရုံးထဲ ပိတ်မိနေတဲ့စစ်ကောင်စီတပ်သားတွေ ဒီနေ့မနက် ၈ နာရီခန့်က စတင်ကာ အလံဖြူပြပြီး လက်နက်ချလိုက်ပြီလို့ မြို့သိမ်းတိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို  မြေပြင်တပ်ဖွဲ့တင်တွေက မြေလတ်အသံကို ပြောပါတယ်။

"ဒီနေ့မနက်မှာ အလံဖြူထောင်ပြီး ၅ယောက်တဖွဲ့၊ ၆ယောက်တဖွဲ့ဆီ ခွဲထွက်လာကြတယ်လို့ သိရပါတယ်။ ကလေးတွေ (ရဲဘော်တွေ)ကို အခုသွားကြိုနေပြီ။ "လို့ ကောလင်း PDFတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိအချိန်မှာ မြို့ထဲမှာရှိတဲ့ရှေ့တန်းက ကာကွယ်ရေးတပ်တွေပြန်လည်ဆုတ်ခွာနေပြီး ကျေးရွာတွေမှာလည်း ဒေသခံတွေအောင်ပွဲခံနေကြပြီလို့ ဆိုပါတယ်။

ကောလင်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၃ ရက် မနက်၁နာရီကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး ၄ ရက်မြောက်ဖြစ်တဲ့ ဒီကနေ့မှာ မြို့ကိုသိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ ကောလင်းခရိုင်တပ်ရင်း(၁)က တပ်စုမှူးတဦးကျဆုံးခဲ့ပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ၂၀ကျော် သေဆုံးခဲ့တယ်လို့ ကနဦးသတင်းရရှိထားပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စခန်းသိမ်း #ကောလင်း #တိုက်ပွဲ #စစ်တပ်လက်နက်ချ #ထွေအုပ်ရုံး #breakingnews #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10