သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ မြေပြင်တပ်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က မြို့ကို ဆက်လက်ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
PDF က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို နိုဝင်ဘာ ၁၁ရက် ဒီကနေ့ မနက် ၁၁ နာရီကျော် မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး မြေပြင်တပ်တွေကလည်း ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကောလင်းမြို့ပေါ်နေရာတချို့ကို တိုက်လေယာဥ်နဲ့ ၄ မိနစ်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ဝါးရုံးတုန်းရပ်ကွက်ဘက်မှာလည်း မိုးကောင်းတောင်ဘက်ကဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ မြို့တွင်းရှိ PDF တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို မသိရှိရသေးဘဲ လက်ရှိမှာမြို့ပေါ်ကိုထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းလည်း ပြန်လည်ဆုတ်ခွာသွားပြီလို့ အထက်ပါ အမျိုးသားကပြောပါတယ်။
ကောလင်းမြို့ကို PDFတွေက နိုဝင်ဘာ ၆ ရက်မနက်မှာ သိမ်းပိုက်ရရှိခဲ့ပြီးနောက် ၆ ရက်အကြာမှာ စစ်ကောင်စီတပ်က အခုလိုလာရောက်တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅၀ဦးသေဆုံးပြီး ၂၁ ဦးလက်နက်ချကာ သေနတ်အလက် ၆၀ ကျော်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသရုံးက နိုဝင်ဘာ ၁၀ရက် မှာ ထုတ်ပြန်ခဲ့ပြီး PDFပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၃ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#စစ်ကိုင်း #ကောလင်း #စစ်ကောင်စီတပ် #တိုက်ခိုက်မှု #လေကြောင်း #မြို့သိမ်းတိုက်ပွဲ #ရုပ်သံသတင်း
Share Share Share