ကောလင်းမြို့ဈေးအနီး မိုင်းပေါက်ကွဲလို့ စျေးရောင်းစျေးဝယ် အရပ်သား ၁၅ ဦး ဒဏ်ရာရ

ကောလင်းမြို့ဈေးအနီး မိုင်းပေါက်ကွဲလို့ စျေးရောင်းစျေးဝယ် အရပ်သား ၁၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ စျေးဗိုလ်တဲရုံးရပ်ကွက်လမ်းဆုံ ပျံကျစျေးတန်းအနီး  မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အရပ်သားပြည်သူ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇွန်လ ၂၅ ရက် မနေ့မနက် ၆ နာရီခန့်မှာ ပျံကျစျေးတန်းအနီး စျေးဗိုလ်တဲရုံး ရပ်ကွက်ဆိုင်းဘုတ်ဘေး ဗန်ဒါပင်အောက်ကနေ မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်သူအားလုံးဟာ ဈေးရောင်း၊ ဈေးဝယ် အရပ်သားတွေဖြစ်တယ်လို့ဆိုပါတယ်။

"စက်ဘီးဆိုင်ကယ် အပ်ခံထားတဲ့ နေရာနားလောက်ကနေကွဲတော့ လူတွေလည်း စည်ကားနေချိန်ဆိုတော့ ၁၅ ယောက်လောက်ထိသွားတယ်။ နည်းပါးပွန်းပဲ့သူတွေလည်း ပါတာပေါ့။ ဒဏ်ရာများတဲ့သူတွေလည်းရှိတယ်။ ထိတာကတော့ စျေးရောင်းစျေးဝယ်သူတွေချည်းပဲ"လို့ ဒေသခံတဦးကပြောပါတယ်။

မိုင်းထိလို့ စျေးဗိုလ်တဲရုံရပ်ကွက်နေ စျေးရောင်း၊စျေးဝယ်သူ အမျိုးသမီး ၁၃ ဦး၊ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရသွားကာ ဒဏ်ရာရရှိမှုများတဲ့ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၁ ဦးက ကောလင်းပြည်သူ့ဆေးရုံမှာကုသနေပြီး အဲ့ဒီထဲက စိုးရိမ်ရသူ အမျိုးသမီး ၁ ဦးကို မန္တလေးပြည်သူဆေးရုံကို လွှဲပို့ထားရတယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲပြီးနောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ လာရောက်စစ်ဆေးမှုလုပ်ခဲ့ပြီး ကောလင်းမြို့ထဲမှာလည်း စစ်ဆေးမှုတင်းကြပ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က ကောလင်းမြို့နယ် တရားရုံးရှေ့ ဗုံးပေါက်လို့ မြို့နယ်တရားသူကြီးဆိုသူ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #ဗုံးပေါက်ကွဲမှု #အရပ်သား #ထိခိုက်မှု #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10