ကောလင်းမြို့နယ်သယံဇာတအဖွဲ့ အတွင်းရေးမှူး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

ကောလင်းမြို့နယ်သယံဇာတအဖွဲ့ အတွင်းရေးမှူး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ ဇန်နဝါရီ ၂ ရက် ဒီကနေ့မွန်းလွဲ ၂ နာရီခန့်က သေနတ်နဲ့ပစ်ခတ်ခံရလို့ ကောလင်းမြို့နယ်သယံဇာတအဖွဲ့ရဲ့ အတွင်းရေးမှူး ကိုအရိန္ဒမာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရှမ်းကလုံးနဲ့ ရွှေတွင်းရွာကြားမှာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကောလင်းမြို့နယ် သယံဇာတအဖွဲ့ အတွင်းရေးမှူး အရိန္ဒမာကို ဝဲဘက်နားထင်ကနေ ယာဘက်နားထင် ကျည်ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးလျက်သား တွေ့ခဲ့ကြတာလို့ ဆိုပါတယ်။

ဆိုင်ကယ်တိုက်လို့ သေဆုံးတာလို့ ကနဦးသတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဦးခေါင်းကို သေနတ်နဲ့တေ့ပစ်ခံခဲ့ရလို့ သေဆုံးကြောင်း ဆရာဝန်စစ်ဆေးချက်နဲ့ အတည်ပြုထားနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နယ်မြေခံအဖွဲ့အစည်းတွေက တရားခံဖမ်းဆီးရမိရေးအတွက် ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရှမ်းကလုံးနဲ့ ရွှေတွင်းရွာဟာ ၂ မိုင်နီးပါးကွာဝေးပြီး ဖြစ်စဉ်အသေးစိတ်ကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်ကလည်း ကနီမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးနဲ့ မိသားစု ၃ ဦးစလုံး လည်လှီးသတ်ဖြတ်ခံခဲ့ရပြီး ဒီကနေ့ထိ တရားခံဖမ်းမိခြင်းမရှိသေးပါဘူး။ 

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #မြို့နယ်သယံဇာတအဖွဲ့ #အတွင်းရေးမှူး #ပစ်သတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10