ကောလင်းမြို့ပေါ် ရဲစခန်းအပါအဝင် နေရာ ၃ ခုကို PDF တွေ ဝင်တိုက်

ကောလင်းမြို့ပေါ် ရဲစခန်းအပါအဝင် နေရာ ၃ ခုကို PDF တွေ ဝင်တိုက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မရဲစခန်းအပါအဝင် နေရာ ၃ ခုကို နိုဝင်ဘာ ၃ ရက် ဒီမနက်အစောပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတယ်လို့ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းတွေဆီကနေ သိရပါတယ်။

ဒီနေ့ မနက်အစော ၁ နာရီကစတင်ကာ ကောလင်းမြို့လယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်တပ်စွဲထားတဲ့ အထက်တန်းကျောင်းနဲ့ မြို့မြောက်ဘက်အထွက်က မြို့မရဲစခန်းတွေကို တပြိုင်တည်း ဝင်တိုက်နေတာလို့ ဆိုပါတယ်။

"ရဲစခန်းဘက်ကိုတော့ စီးထားပြီး အချုပ်သားတွေတော့လွှတ်လိုက်ပြီလို့ သတင်းရပါတယ်။ အတိအကျတော့ မသိရသေးဘူး " လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကောလင်းမြို့နယ်က တပ်ရင်းတွေအားလုံးပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး မနက် ၈ နာရီခွဲလောက်မှာ စစ်တပ်က ရဟတ်ယာဥ်နဲ့ ဗုံး ၆ လုံးကြဲ တိုက်ခိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ တိုက်ပွဲကပြင်းထန်နေဆဲဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ဒဏ်ရာရတချို့ရရှိနေကြောင်းသတင်းရရှိထားပြီး ကျဆုံးမှု မရှိကြောင်းသတင်းရထားတယ်လို့ စခန်းတွင်းကျန်ခဲ့သူတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #စစ်ကောင်စီတပ် #မြို့မရဲစခန်း #တိုက်ခိုက်ခံရ #PDF #သတင်း #မြေလတ်သတင်း #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10