ကောလင်းမြို့ပေါ်မှာ သားဖ ၂ ဦး မိုင်းနင်းမိလို့ ဒဏ်ရာရ

ကောလင်းမြို့ပေါ်မှာ သားဖ ၂ ဦး မိုင်းနင်းမိလို့ ဒဏ်ရာရ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကောလင်းမြို့၊ စက်ရုံလယ်ပြင်ရပ်ကွက်မှာ အောက်တိုဘာ ၁၀ ရက် ညနေ ၅ နာရီဝန်းကျင်က မြိုခံသားဖ ၂ ဦး နင်းမိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒဏ်ရာရရှိသူတွေဟာ စက်ရုံလယ်ပြင်ရပ်ကွက်နေ ဦးကျော်စိုးဦး ၃၃ နှစ်နဲ့  အသက် ၆ နှစ်အရွယ်ရှိ ၄င်းရဲ့သားတို့ ဖြစ်ကြပြီး  ရပ်ကွက်လမ်းအတိုင်းနေအိမ်ကိုပြန်လာချိန် မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

"မိုင်းကိုအဖေကနင်းမိတာဖြစ်လို့ ဒဏ်ရာတော်တော်များများရသွားတယ်။ သားကတော့ ခန္ဓာမှာ အနည်းငယ်ရသွားတာ။ အဖေဖြစ်သူကိုဆေးရုံပို့လိုက်ရတယ် " လို့ ကောလင်းမြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ကောလင်းခရိုင်တပ်ရင်း ၁ တာဝန်ရှိသူတဦးကတော့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နင်းမိုင်းဟာ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က ထောင်ထားတဲ့မိုင်း မဟုတ်ကြောင်းငြင်းဆိုထားပြီး နင်းမိုင်းဟာ ဘယ်အဖွဲ့ အစည်းထောင်းထားတယ်ဆိုတာတော့ မသိရသေးပါဘူး။

ကောလင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်က ငပွေလေရပ်ကွက်၊အထက ၁ ကျောင်းမှာတပ်စွဲထားပြီး ကောလင်းမြို့ဟာ စစ်ကောင်စီတပ်ရောတော်လှန်ရေးအင်အားစုတွေပါ လှုပ်ရှားနေတဲ့မြို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၅ ရက်မနက် ၆ နာရီခန့်မှာ ကောလင်းမြို့၊ ပျံကျစျေးတန်းအနီး စျေးဗိုလ်တဲရုံး ရပ်ကွက်ဆိုင်းဘုတ်ဘေး ဗန်ဒါပင်အောက်ကနေ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဈေးရောင်း၊ ဈေးဝယ်နေကြတဲ့ အရပ်သား ၁၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #နင်းမိုင်း #ပေါက်ကွဲမှု #အရပ်သား #ဒဏ်ရာရရှိ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10