ကောလင်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေဆဲ၊ လေယာဉ်သုံးတိုက်ခိုက်မှုမှာ သေဆုံးသူတွေရှိ (ရုပ်/သံ)

ကောလင်းမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး စစ်ကောင်စီဘက်က မနေ့ညပိုင်းမှာ ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦးအထိသေဆုံးထားပြီး ဒဏ်ရာရသူတွေရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ယနေ့ နိုဝင်ဘာ ၄ ရက်မှာလည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ဖုန်းလိုင်းများဖြတ်တောက်ထားသလို မြို့မှာပိတ်မိနေသူ မြို့ခံတွေရှိနေပြီး နေအိမ်တွေလည်း လေယာဉ်ဗုံးကြဲတာတွေကြောင့် မီးလောင်ပျက်စီးနေတယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၃ ရက် မနက် ၁ နာရီကတည်းက ကောလင်းမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့တွေတပ်စွဲထားတဲ့နေရာတွေ အားလုံးကို ကာကွယ်ရေးတပ်တွေက ဝင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်စွဲထားတဲ့ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ အထက်တန်းကျောင်းတို့ကို အလုံးစုံသိမ်းယူထားနိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း နိုဝင်ဘာ ၃ ရက်မှာတင် လေယာဥ် ၂ စီး နဲ့ ၄ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်သွားခဲ့တယ်လို့ သိရပါတယ်။

ဖလဲကျေးရွာအနီးမှာ အမှတ်(၂)သတ္တုတွင်းရှိနေတာကြောင့် ကာကွယ်ရေးတပ်တွေ ဝင်ရောက်စီးနင်းမှာ စိုးရိမ်ပြီး ညပိုင်းမှာ အနီးနားကျေးရွာတွေကို လေယာဥ်နဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ ကောလင်းမြို့နယ်၊ ထောက်ပို့ရဲဘော်တဦးကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ သေဆုံးတဲ့ အချက်အလက်ကို အတိအကျ မသိရသေးပေမယ့် မြန်မာ့စီးပွားရေးဘဏ်ရှေ့ကင်းတဲက ပျူစောထီး ၂ ဦးဖမ်းမိထားပြီး PDF ၁ ဦး သေဆုံးကာ ဒဏ်ရာရသူတချို့လည်းရှိခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တဦးကလည်း ပြောပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ကောလင်း #လေကြောင်းသုံးတိုက်ခိုက်မှု #မြို့ခံ #ပိတ်မိနေ #စစ်ရှောင်ပြည်သူ #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10