ကောလင်းမြို့အနီး တိုက်ပွဲဖြစ်၊ နှစ်ဘက်အသေအဆုံးရှိဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွာမကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်အသေအဆုံးများခဲ့သလို ကောလင်းခရိုင်တပ်ရင်း ၂ က ရဲဘော် ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

မတ် ၂၁ ရက် မနေ့က မနက် ၇ နာရီကစပြီး ကောလင်းမြို့အနောက်ဘက် ၁ မိုင်အကွာက ရွာမကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

အဲဒီတိုက်ပွဲဟာ တနေ့လုံးနီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အသေအဆုံးများကာ ညပိုင်းမှာ မှောင်ရိပ်ခိုပြီး ကောလင်းမြို့ထဲကို တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ 

တော်လှန်ရေးတပ်တွေဘက်ကလည်း ကောလင်းခရိုင်တပ်ရင်း ၂ က တပ်ခွဲမှူးတဦးနဲ့ ရဲဘော်တဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

"စစ်တပ်က ကောလင်းအရှေ့ခြမ်းကနေ ၁၉ ရက်နေ့က ကောလင်းထဲဝင်သွားပြီး ၂၀ ရက်နေ့မှာ ရွာမဘက်ကို စပြီး စစ်ကြောင်းထိုးတာ" လို့ ကောလင်းမြို့နယ်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မတ် ၁၈ ရက်မှာ မြေနီကျေးရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။ ကျေးရွာထဲမှာ လူနေအိမ် ၃၅၀ ကျော်ရှိတဲ့အနက် အိမ်ခြေ ၃၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ 

ဒီတိုက်ပွဲကို ကောလင်းခရိုင်တပ်ရင်း ၁ ၊ ကောလင်းခရိုင်တပ်ရင်း ၂ ၊ ယင်းမာပင်တပ်ဖွဲ့၊ ကန့်ဘလူတပ်ရင်း (KP1) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

စာတည်း - လင်းဇေ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့နယ် #ရွာမကျေးရွာ #စစ်ကောင်စီ #ကောလင်းခရိုင်တပ်ရင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10