ကောလင်းမှာ စစ်တပ်က တတိယနှစ်ကျောင်းသားကိုပစ်သတ်ပြီး အမျိုးသား ၄ ဦးကို ဓားစာခံအဖြစ်ဖမ်း

ကောလင်းမှာ စစ်တပ်က တတိယနှစ်ကျောင်းသားကိုပစ်သတ်ပြီး အမျိုးသား ၄ ဦးကို ဓားစာခံအဖြစ်ဖမ်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ တက္ကသိုလ်တတိယနှစ်ကျောင်းသားတဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး အမျိုးသား ၄ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

မတ် ၁၄ ရက် မနေ့မနက်ပိုင်းမှာ ကောလင်းမြို့နယ်အရှေ့ခြမ်း၊ သစ်ဖုလတောင်ပေါ်ရှိစစ်ကြောင်းက အင်ကူကျေးရွာနဲ့ စံလယ်ကျေးရွာကြားကို စစ်ကြောင်းထိုးလာပြီး ဆိုင်ကယ်စီးလာတဲ့ အသက် ၂၃ နှစ် အရွယ် ကိုလင်းလင်းဆိုသူကို ပစ်သတ်ခဲ့တာလို့သိရပါတယ်။

" အသတ်ခံရတဲ့သူက တတိယနှစ်ကျောင်းသား။ သူ့ဆီမှာမှတ်ပုံတင်ရော စာမေးပွဲဖြေရအောင်ပေးထား တဲ့ချလန်ရော ပါတယ် " လို့ မြို့နယ်ပကဖအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် စံလယ်ကျေးရွာအနီးမှာပဲ နောက်ထပ်ဆိုင်ကယ်၂ စီးနဲ့ အမျိုးသား ၃ ဦးကိုဖမ်းဆီးသွားသလို  လယ်ယာလုပ်သွားတဲ့ အဘိုးအိုတဦးကို လှည်း၊ နွားတွေထားခဲ့ပြီး လူကိုဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသူတွေထဲက လူငယ် ၁ ဦးဟာ မနေ့ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီး ၃ ဦးဆက်လက်ဖမ်းဆီးခံထားရကာ လွတ်မြောက်လာသူရဲ့ပြောကြားချက်အရ ဓားစာခံအဖြစ်ဖမ်းဆီးခံရသူတွေဟာ စစ်တပ်စစ်ကြောင်းကဒဏ်ရာရသူတွေကို အထမ်းတွေနဲ့ ထမ်းပို့ပေးရတယ်လို့ ဆိုပါတယ်။

သစ်ဖုလတောင်က စစ်ကောင်စီတပ်ဟာ ကောလင်းခရိုင်တပ်ရင်း ၁ နဲ့ မကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကြောင်းဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျောက်တန်းရွာအနီးမှာ မိုင်းဆွဲခံခဲ့ရသေးတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကောလင်းမြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်း ၃ ကြောင်းနဲ့ထိုးနေလို့ စစ်ရှောင်ကျေးရွာတွေအများအပြားရှိနေကာ အကူအညီတွေလိုအပ်နေတယ်လို့လည်း သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ကောလင်း #စစ်ကောင်စီတပ် #သတ်ဖြတ် #ကျောင်းသား #သေဆုံး #ဓားစာခံ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10