ကောလင်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးထိမှန်ပြီး ကလေး ၂ ဦးအပါ ၃ ဦးသေဆုံး

ကောလင်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးထိမှန်ပြီး ကလေး ၂ ဦးအပါ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ကို ဒီဇင်ဘာ ၂၈ ရက် မနက် ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးနဲ့ ကပ္ပိယ ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူတွေမှာ ၃ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ ၅ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ အသက် ၅၀ ကျော်အရွယ် ကပ္ပိယတဦးတို့ဖြစ်ပြီး နောက်ထပ်ဘုန်းတော်ကြီး ၁ ပါးနဲ့ အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

"လက်နက်ကြီးကျည်က ဘုန်းကြီးကျောင်းကို တလုံးကျတယ်။ နေအိမ်တလုံးကို တလုံးကျတယ်။ ဘုန်းကြီးကျောင်းနဲ့ အိမ်ကတော့ ပျက်စီးသွားကြတယ်" လို့ ကောလင်းမြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ဝန်းသိုမြို့အခြေစိုက် ခမရ ၁၁၁နဲ့ ၁၂၀ တပ်ရင်းတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကောလင်းမြို့ပေါ်ကို ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ၂ လုံးမှာ လူနေတဲ့နေရာတွေပေါ်ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးအရ လက်နက်ကြီးကျရောက်ခဲ့တဲ့ ရပ်ကွက်နာမည်ကို ထုတ်ပြောလို့ မရကြောင်း ကောလင်း PDF မှ ထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့နယ်အတွင်းမှာ ဝန်းသိုမြို့ကနေထွက်ခွာလာကြတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ PDF တို့ အကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပေါ်နေပြီး ယနေ့အချိန်ထိ မြို့ကို ပြန်မပေးရရေး ပိတ်ဆို့ ကာကွယ်ထားလျက်ရှိတယ်လို့ သိရပါတယ်။

ကောလင်းမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက်ကစတင်ကာ ၅ ရက်အထိ ၃ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ၆ ရက် မနက်မှာ မြို့တခုလုံးကို အပြီးသတ်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့ #စစ်ကောင်စီ #ဟောင်ဝစ်ဇာ #လက်နက်ကြီး #ကလေး #ဘုန်းကြီးကျောင်း #ပစ်ခတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10