ကောလင်းမှာ ရဲတပ်သား ၂ ဦး၊ စစ်သား၂ ဦးနဲ့ ဇနီးသည် ၁ ဦးတို့ ထွက်ပြေး

ကောလင်းမှာ ရဲတပ်သား ၂ ဦး၊ စစ်သား၂ ဦးနဲ့ ဇနီးသည် ၁ ဦးတို့ ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ မြို့မရဲစခန်းက ရဲတပ်သား ၂ ဦးနဲ့ ကောလင်း အထက ကျောင်းကြီးထဲမှာ တပ်စွဲနေတဲ့ စစ်အုပ်စုထဲက တပ်သား၂ ဦးနဲ့ ဇနီးသည် ၁ ဦးတို့ ထွက်ပြေးခဲ့တယ်လို့ KawLin Revolution -IR ဆီက သိရပါတယ်။

 

ဧပြီလ ၁၇ ရက် ည ၆ နာရီကျော် အချိန်မှာ စစ်ကောင်စီတပ်သား ၂ ဦးနဲ့ ဇနီးသည်တဦး၊ ဧပြီလ ၂၀ ရက် ညနေ ၅ နာရီကျော် အချိန်မှာ လက်နက်နဲ့အတူ ရဲတပ်သား ၂ ဦးတို့ ထွက်ပြေးသွားခဲ့တာလို့ IR မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ထွက်ပြေးသူတွေရဲ့ အသေးစိတ်အချက်အလက်ကို မသိရဘူး။ စကစ လင်မယား၂ ယောက်ကတော့ NUG အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်မိပြီး၊ ဘေးကင်းရာမှာ ရောက်နေပြီလို့ သိထားရတယ်။ စကစနောက် တယောက်ကတော့ ဝန်သိုဘက်မှာ ဖမ်းမိထားတယ်။ ဒီ ၃ ယောက် ထွက်ပြေးသွားတာကို တပ်ရင်း သတင်းပေးကနေ သတင်းအတိကျနဲ့ သိရတာဗျ" လို့ ဆိုပါတယ်။

ဒါ့အပြင် ရဲတပ်သား၂ ဦးရဲ့ အသေးစိတ် ကိုယ်ရေးအချက်အလက်တွေ၊ ဘယ်အဖွဲ့၊ ဘယ်နေရာဆီကို ထွက်ပြေးသွားလည်း မသိရပေမယ့် လက်နက်၂ လက်နဲ့အတူ ထွက်ပြေးသွားတာကို နီးစပ်ရာသတင်းပေးမှုအရ အတည်ပြုနိုင်တာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

အဲ့ဒီရဲတပ်သား ၂ ဦး ထွက်ပြေးသွားပြီးနောက် မြို့မရဲစခန်းကို လုံခြုံရေး ပိုမိုတင်းကျပ်ချထားသလို လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်ကာ လိုက်ရှာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10