ကံကြီးတောရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ

ကံကြီးတောရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံကြီးတောအရှေ့ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်း စေတီ၊ ဘုန်ကြီးကျောင်းနဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ဆီက သိရပါတယ်။ 

တိုက်ပွဲဖြစ်တာမရှိဘဲ စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီခွဲလောက်မှာ တံတားဦးလေတပ်ဘက်ကလာတဲ့ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာတစီးက ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ ဆိုပါတယ်။  

“ဘုန်းကြီးကျောင်းအနားလည်း ဗုံးကျတယ်။ စေတီတွေထိမှန်တာရှိတယ်။ ပြည်သူနေအိမ်တွေလည်း ဗုံးစတွေထိမှန်ခဲ့တယ်။ နွားတွေလည်း ဗုံးစထိမှန်တာရှိတယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းက မျက်နှာချင်းဆိုင်ဆိုတော့ စာသင်ကျောင်းလည်း ဗုံးစတွေထိမှန်ပါတယ်။”လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF တပ်ရင်း ရုံးအုပ် ရဲဘော် ကိုချစ်က ပြောပါတယ်။

ကံကြီးတောကျေးရွာဟာ အရှေ့ရွာနဲ့ အနောက်ရွာဆိုပြီး ခွဲထားကာ စုစုပေါင်းအိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ ဝန်ကျင်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ နှစ်လယ်ပိုင်းကတော့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးတာကိုခံခဲ့ရဖူးတယ်လို့ ကိုချစ်က ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #ကံကြီးတော #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10