သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွာပြင်မှာပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ က ဒီဇင်ဘာလ ၃၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
သေဆုံးသူဟာ ညောင်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှုး အသက် ၅၆ နှစ်အရွယ် ဦးစိန်ဝင်းမောင်ဖြစ်ပြီး သူ့ကို ဒီဇင်ဘာ ၂၇ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်မှာ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
"တချက်ပဲ ရင်ဘတ်ကိုပစ်ခတ်ခဲ့တယ်။ သူနေအိမ်မှာ သွားခေါ်ချိန်ကတော့ အသာတကြည်တော့ လိုက်လာတယ်။ အချိုသတ်ပြီး ခေါ်ထုတ်လာတာ။ ရွာပြင်ရောက်မှ ပစ်ခတ်ခဲ့တာ။"လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမောင်က ရင်ဘတ်ကျည်ထိဒဏ်ရာနဲ့ ပစ်ခတ်တဲ့နေရာမှာတင်သေဆုံးခဲ့ပြီး အလောင်းကို ဒီဇင်ဘာ ၂၈ ရက်မနက်ပိုင်းမှာမှ ဒေသခံတွေက ကံမဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ညောင်ပင်ကွင်းရွာထိ လာရောက်စစ်ဆေးတာမျိုး မရှိဘူးလို့ ကိုမြတ်က ဆက်ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမောင်ဟာ စစ်ကောင်စီတပ်သားတွေအလိုကျ စစ်မှုထမ်းဖို့ ပေါ်တာဆွဲရာတွေမှာ လိုက်လံကူညီပေးတာ၊ ကံမမြို့နယ်အတွင်း စစ်မှုထမ်းဖို့ လူမပေးနိုင်တဲ့အခြားကျေးရွာများကို သူ့ထံမှာ ငွေကျပ်သိန်း ၁၀၀ ပေးပြီး လူပြန်ဝယ်စေတာ၊ ရရှိလာတဲ့ ငွေကြေးတွေကို စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အချိုးကျ ခွဲဝေယူတာ၊ ညောင်ပင်ကွင်းရွာမှာလည်း ၁ အိမ်ထောင် ၁ သိန်းကျပ်နှုန်းနဲ့ ၂ လ ၁ ကြိမ် ကောက်ခံတာတွေကြောင့် ခုလိုပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၂ တပ်ဖွဲ့၀င်တွေက ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ကံမမြို့နယ်၊ ကျောက်မဲရွာက ပျူစောထီးခေါင်းဆောင် မျိုးမြင့်အောင်နဲ့ ငမဲကျေးရွာအုပ်ချုပ်ရေးမှူး အေးဇော်တို့ကို တရက်တည်းမှာပဲ တော်လှန်ရေးအဖွဲ့တွေဘက်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #သရက် #ကံမ #အုပ်ချုပ်ရေးမှူး
Share Share Share