ကံမမြို့အပါအဝင် ရွာ ၃၀ ခန့်မှာ နေအိမ်တွေနစ်မြုပ်တဲ့အထိ ရေကြီးနေတဲ့ မြင်ကွင်းများ (Photo News)

ကံမမြို့အပါအဝင် ရွာ ၃၀ ခန့်မှာ နေအိမ်တွေနစ်မြုပ်တဲ့အထိ ရေကြီးနေတဲ့ မြင်ကွင်းများ (Photo News)

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်နဲ့ အနီးတဝိုက်ကျေးရွာ ၃၀ ခန့် မှာ နေအိမ်တွေနစ်မြုပ်တဲ့အထိ ရေကြီး၊ရေလျှံမှုတွေ ဖြစ်ပေါ်နေတာကို ဇူလိုင်လ ၂၃ ရက် ဒီကနေ့မှာ တွေ့မြင်ရတာပါ။

ဇူလိုင်လ ၁၀ ရက်က စတင်ကာ ဧရာဝတီမြစ်ရေဟာ တဖြည်းဖြည်းမြင့်တက်လာပြီး နေအိမ်တွေ အတွင်း ရေဝင်ရောက်တာကနေ နေအိမ်တွေနစ်မြုပ်တဲ့အထိ မြင့်တက်လာတာပါ။

ကံမမြို့ပေါ်ရပ်ကွက်တွေနဲ့ ထန်းလေးပင်၊ ဝန်လိုကိုင်း၊ ကင်း၊ ကုန်းသောင်၊ ဓမ္မသော်၊ သံပြွန်လုံးကုန်း၊ ထန်းတပင်ကုန်း၊ မင်းပြင်၊ နံကပ်၊ ပုထိုး၊ ပြည်တော်သာ၊ ရေလည်တောင်၊ အင်းဘဲ၊ ညောင်တန်း စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ ၃၀ ခန့်မှာ ရေကြီး၊ရေလျှံတာတွေ ဖြစ်ပေါ်နေတာလို့ ဒေသခံတွေထံက သိရပါတယ်။

#မြေလတ်အသံ

#မကွေး #ကံမ #ရေကြီးရေလျှံမှု #သဘာဝဘေး #နေအိမ်နစ်မြုပ် #ဓာတ်ပုံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10