သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်း၊ Laung She Regional People's Defence Force မှ ကျဆုံးထိခိုက်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၉ ရဲ့ မိသားစုတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့က နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
“ထောက်ပံ့ပေးတာဆိုတာထက် ကျနော်တို့က ကျဆုံးရဲဘော်တွေရဲ့ မိဘတွေကို လေးစားမှုနဲ့ သွားရောက်ဂါရဝပြုပြီး သက်ကြီးကန်တော့တဲ့ ပုံစံမျိုးပါ။ ပြည်သူတွေက တပ်ရင်းကိုလှူထားတဲ့ ပစ္စည်းတွေပါ။ သူတို့နေထိုင်တဲ့ ရွာတွေအထိ သွားရောက်ပြီးမှကန်တော့တာ။” လို့ Laung She Regional People's Defence Force ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်း တာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်းကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် ၈ ဦးနဲ့ မိုင်းမတော်တဆမှုတွေကြောင့် ခြေထောက်ဖြတ်တောက်ခဲ့ရတဲ့ တပ်ဖွဲ့ဝင် ၁ ဦး၊ စုစုပေါင်း ၉ ဦးရဲ့ မိသားစုတွေကို နိုဝင်ဘာ ၁၂ ရက်မှာ ဆန် ၄ တင်း၊ ဆီ ၁ ပိဿာ၊ နို့ဆီ၊ ပုဆိုး၊ ဆပ်ပြာ၊ ဖယောင်းတိုင်နဲ့ အမွှေးတိုင်တို့ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေး #ကာကွယ်ရေးတပ်ဖွဲ့ဝင် #ကျဆုံး #ထိခိုက် #ထောက်ပံ့ #short #reels
Share Share Share