ကျဆုံးရဲဘော်ဆင်စွယ်ရဲ့ ဆန္ဒကိုဖော်ဆောင်ပေးတဲ့ ဆင်စွယ်စစ်ဆင်ရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်ရဲစခန်းကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေရင်း ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးတပ်သားအသက် ၂၀ အရွယ် ဆင်စွယ် ရဲ့ ဆန္ဒကိုဖော်ဆောင်ပေးတဲ့အနေနဲ့ ဆင်စွယ်စစ်ဆင်ရေးတခု ကို ဖော်ဆောင်ခဲ့တယ်လို့ Mandalay Drone Force MDF အဖွဲ့ဆီက သိရပါတယ်။

အဲဒီ ဆင်စွယ်စစ်ဆင်ရေးကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက် မနက်ပိုင်းက မြောင်ရဲစခန်းကို Fixed Wing Drone ၅ စီးနဲ့နဲ့ ဗုံး ၁၀ လုံးကြဲတိုက်ခိုက်ခဲ့တာလို့ MDF တပ်ဖွဲ့က ကျားခင်စိန်က ပြောပါတယ်။ 

ဧပြီလ ၂၀ ရက် ၁၁ နာရီခွဲလောက်မှာ မဟာမိတ်ထဲက ရဲဘော်ဆင်စွယ်ဟာ မြောင်ရဲစခန်းကိုတိုက်ခိုက်ဖို့ မစ်ရှင်ဖော်ဆောင်နေရင်း ကျဆုံးခဲ့တာကြောင့် သူလုပ်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ ဆင်စွယ်စစ်ဆင်ရေးဆိုပြီးတော့ ဖော်ဆောင်ခဲ့တာလို့ ကျားခင်စိန်က ပြောပါတယ်။

ရဲစခန်းထဲမှာ ရဲနဲ့ စစ်သား အင်အား ၄၀ ကျော်ရှိတဲ့အချိန် ဗုံးကြဲချနိုင်ခဲ့ပြီး အများအပြားဒဏ်ရာရပြီး လူခြေတိတ်ချိန်မှ ကင်းပုန်းထွက်သလိုနဲ့ သဂြိုဟ်တာနဲ့ စခန်းထဲတင် သဂြိုလ်တာမျိုးလုပ်တာကြောင့် သေဆုံးမှုကိုတော့ မသိရဘူးလို့ သူကဆက် ပြောပါတယ်။

ဗုံးကြဲချခံရပြီးနောက် မြောင်မြို့ ရဲစခန်းထဲကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလုပ်ပြီး မြို့ထဲကိုလည်းထွက်သလို အဲမတိုင်ခင် ၂၀ ရက်ကတည်းက မြောင်မြို့ပေါ်ကပြည်သူတွေကို ဖမ်းဆီးတာ စစ်ဆေးတာတွေလည်း လုပ်တယ်လို့ သိရပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်းအမှတ် { ၁ }တပ်ရင်း ၊ PEACOCK Drone Team ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ မန်းခရိုင် တပ်ရင်း ၆ ၊ HERO Myaung PDF ၊ Blood Brothers၊ Justice Warriors Forces၊  Myo Thar Special People Defence Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြောင် #ကျဆုံးရဲဘော်ဆင်စွယ် #ဆင်စွယ်စစ်ဆင်ရေး #မြောင်ရဲစခန်း #FixedWingDrone၅စီး #တိုက်ခိုက်ခံရ  #ထိခိုက် #စစ်ကောင်စီ #PDF #မြေလတ်သတင်း ‌#မြေလတ်ရုပ်သံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10