သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ကျေးရွာတရွာမှာ ကျဆုံးရဲဘော်တွေအတွက် ဆုတောင်းညသပိတ် ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တဦ်းဆီကတဆင့် သိရပါတယ်။
ဇူလိုင် ၂၈ရက် ဒီနေ့ ညနေပိုင်းက ဇူလိုင်လအတွင်း ကျဆုံးခဲ့တဲ့ရဲဘော်နဲ့ ပြည်သူတွေအပါအဝင် တော်လှန်ရေးကာလတလျှောက် ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် ဖယောင်းတိုင်များ ထွန်းညှိကာ ကမ္ဘာမကြေဘူးသီချင်း သီဆိုဂုဏ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
“ဒီကနေ့ ရဲဘော်တယောက်က တနှစ်ပြည့်တယ်။ ကျန်တဲ့ရဲဘော်တွေက မကြာသေးခင် စစ်ကြောင်းထိုးတုန်းက ကျသွားတဲ့ရဲဘော်တွေလည်းပါတယ်။ ကျတော်တို့ရဲ့ အာဇာနည်တွေကို ခုချိန်ထိ မမေ့ဘူး။ ခုချိန်ထိ ဂုဏ်ပြုသတိရနေတယ်ဆိုတာ ပြသချင်လို့ လုပ်ခဲ့တာ။”လို့ အရာတော်မြို့နယ် လူထုသပိတ် အဖွဲ့ဝင် ကိုသက်နောင်က ပြောပါတယ်။
ဆုတောင်းသပိတ်ကို အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ ကျေးလက်နေပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#သတင်း #စစ်ကိုင်းတိုင်း #အရာတော် #ညသပိတ် #ကျဆုံးရဲဘော် #ဆုတောင်းသပိတ်
Share Share Share