သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီနဲ့တိုက်ပွဲတွေမှာ ကျည်ရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ အဖွဲ့က ၅.၅၆ ကျည်သုံး တတောင့်ထိုးကာဘိုင်သေနတ်ကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကာဘိုင်သေနတ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်မှာ စမ်းသပ်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ ၈ ရက်မှာ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။
အဲဒီကျည်တတောင့်ထိုး ကာဘိုင်အမျိုးအစားသေနတ်ဟာ ကာဘိုင်အစစ်ရဲ့ နည်းပညာကိုအသုံးပြုပြီး ထုတ်လုပ်ရေးပိုင်းဆရာတွေက ဒီဇိုင်းပြောင်းပြီး ထုတ်လုပ်ထားတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
အညာဒေသမှာ ၇.၆၂ ကျည်တတောင့်ကို ၁၀,၀၀၀ ဝန်းကျင်ရှိပြီး ၅.၅၆ ကျည်တတောင့်ကို ၅,၀၀၀ ဝန်းကျင်သာရှိတဲ့အတွက် စျေးနည်းပြီးဝယ်ရလွယ်ကူတဲ့ ၅.၅၆ ကျည်သုံး ကာဘိုင်ကိုထုတ်လုပ်ခဲ့တာလို့ ဆက်ပြောပါတယ်။
ကာဘိုင်အစစ် ၁ လက်ကို မြန်မာကျပ် သိန်း ၁၀၀ ဝန်းကျင်ပေးရကာ အခု ကာဘိုင်သေနတ် ထုတ်လုပ်ရာမှာ စုစုပေါင်း ၄ သိန်းကျော်ပဲ ကုန်ကျတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။
ဒါ့အပြင် အဲဒီကာဘိုင်သေနတ်တွေကို MBT တပ်ဖွဲ့ ရဲဘော်တွေကို အရင်ဆုံးဖြည့်တင်းပြီး နောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့တွေကိုလည်း ပြန်လည် မျှဝေသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မြင်းခြံ #MBT #ကာဘိုင် #သေနတ် #ထုတ်လုပ်ရေး
Share Share Share