သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် THU RAIN - TR တပ်ဖွဲ့အနေနဲ့ ရှေတန်းရဲဘော်တွေ ကျည်အခက်အခဲမဖြစ်အောင် နောက်တန်းကျန် ရဲဘော်တွေက ကျည်ဝယ်ဖို့အတွက် ပဲခွဲစက်ငှားပြီး ပဲခွဲကာ ကျည်ဖိုးရှာနေရတယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။
ပခုက္ကူမြို့နယ်တဝိုက်မှာ စစ်ကောင်စီကို တော်လှန်နေတဲ့ THU RAIN - TR တပ်ဖွဲ့အနေနဲ့ အောက်တိုဘာလ ကတည်းကစကာ ပဲလုပ်ငန်းရှင်တဦးဆီက ပဲခွဲစက်ကိုငှားပြီး မြေပဲအပါအဝင် ပဲမျိုးစုံခွဲပြီး ငွေရှာနေရတယ်လို့ THU RAIN - TR တာဝန်ခံ ကိုသူရိန်က ပြောပါတယ်။
ပဲခွဲစက်ငှားရမ်းခကိုတော့ ၃ လလောက်ကြာမှ ပေးဆောင်ရမှာဖြစ်ပြီး ရဲဘော်တွေ ပဲခွဲခ တနေ့ကို ၈ သောင်းလောက်ရသလို တခါတလေ ၁ သိန်းလောက်လည်း ရတယ်လို့ သိရပါတယ်။
THU RAIN - TR တပ်ဖွဲ့ဟာ တော်လှန်ရေးကာလအစပိုင်းကတည်းက မကွေးတိုင်း ပတ်ခြာလည်ရွာတွေက လှူဒါန်းတဲ့ငွေအပြင် နိုင်ငံခြားက လှူဒါန်းတဲ့ငွေနဲ့ ရဲဘော်တွေရဲ့ ပိုင်ဆိုင်တဲ့ အိမ်ခြံတွေရောင်းပြီး ရပ်တည်နေတာလို့ ဆိုပါတယ်။
လက်ရှိ ပခုက္ကူနယ်မှာ စစ်ကောင်စီစစ်ကြောင်းမထိုးတာ ၁ နှစ်ကျော်ကြာပြီဖြစ်ကာ THU RAIN - TR တပ်ဖွဲ့အနေနဲ့ ယခင်က ဒရုန်းစစ်ဆင်ရေးတွေသာ အဓိကဖော်ဆောင်ရာကနေ ယခုအခါမှာတော့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတယ်လို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ပခုက္ကူ #ကျည်အခက်အခဲ #ပဲခွဲ #ငွေရှာ #RAIN_TR
Share Share Share