ကျပ်ထိုးရဲစခန်း အလင်းဝင်ဖို့စာတွေ ဒရုန်းနဲ့ ကြဲခံရပြီး စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာသွား (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့နယ်၊ ကျပ်ထိုးရဲစခန်းကို လက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ရေးထားတဲ့စာတွေကို ဒရုန်းနဲ့ကြဲချပြီးနောက် အဲဒီစခန်းက စစ်ကောင်စီတပ်သားတွေဟာ စခန်းစွန့်ခွာသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၂၀၊ ရိုးမရာဇာ နယ်စည်းမခြားအဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၂၀ ရက်က ကျပ်ထိုးရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ရေးထားတဲ့စာတွေကို ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ကြဲချခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကျပ်ထိုးရဲစခန်းမှာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲနေပြီး ကာကွယ်ရေးတပ်ဖွဲ့ တွေက ဩဂုတ် ၁၅ ရက်ဝန်းကျင်ကနေစပြီး စခန်းသိမ်းဖို့ ဒရုန်းနဲ့ ဗုံးတွေချပြီးနောက် ဩဂုတ် ၂၀ ရက်မှာတော့ လက်နက်ချ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ရေးထားတဲ့စာတွေကို ထပ်မံအသိပေးကြဲချခဲ့တာလို့ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၂၀၊ ရိုးမရာဇာ နယ်စည်းမခြား ဗိုလ် လဂွန်းအိန် က ပြောပါတယ်။

ကျပ်ထိုးရဲစခန်းက စစ်ကောင်စီတပ်သားတွေဟာ စခန်းကို စွန့်ခွာသွားပြီးနောက် စခန်းအတွင်းက စားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန် ၆ အိတ်နဲ့ ရိက္ခာတချို့လည်း ရခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၂၀၊ ရိုးမရာဇာ နယ်စည်းမခြား တာဝန်ခံက ပြောပါတယ်။

ဩဂုတ် ၂၂ ရက်မှာတော့ ကျပ်ထိုးရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေဘက်က နယ်မြေရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ကမ္မ #ကျပ်ထိုးရဲစခန်း #အလင်းဝင် #ဒရုန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10