ကျောက်ကြီးတိုက်ပွဲကို စစ်ကူလာတဲ့ ဒု-တပ်ရင်းမှူးအပါ ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရ

ကျောက်ကြီးတိုက်ပွဲကို စစ်ကူလာတဲ့ ဒု-တပ်ရင်းမှူးအပါ ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်း သြဂုတ်လ ၇ ရက်နဲ့ ၈ ရက်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင့်ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ကြီးမြို့နယ်၊ ပဲသောင်ရွာနဲ့ လိန်ပင်ရွာအကြား ဩဂုတ်လ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီနေရာကို စစ်ကူလာတဲ့ ရွှေကျင်မြို့အ​ခြေစိုက် ခမရ ၃၅၀ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝေမျိုးအောင်နဲ့ တပ်ကြပ်ကြီး ၂  ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကာ ၁၀ ဦးဝန်းကျင် ဒဏ်ရာရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"တိုက်ပွဲက ၇ ရက်နေ့က ထိတွေ့မှုနည်းနည်းပေါ့။ ၈ ရက်နေ့မနက် ၁ နာရီလောက်ကစပြီး တောက် လျှောက် တနေကုန်ဖြစ်နေတာ။ သူတို့(စစ်ကောင်စီတပ်) အင်အားက ၇၀ လောက်ရှိတာ။ ဟိုဘက်က တအားများတယ်။ အဲ့တာကို ရွှေကျင် ၃၅၀ တပ်က စစ်ကူလာတာ စနိုက်ဘာမှန်တာ အဲ့ဒီဗိုလ်မှူးက ။ ၃ ယောက်သေတယ်။ ဒဏ်ရာရာတာက ၁၀ ယောက်လောက်ရှိမယ်" လို့ လိန်ပင်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်းအထိနာခဲ့တဲ့ စစ်ကောင်စီတပ်က သြဂုတ်လ ၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ရေးရဟတ်ယာဥ် ၂ စီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့ပြီး ဗုံးသီးအလုံးရေ ၄၀ ကျော်နဲ့ ဒုံးကျည်တိုက်ခိုက်မှု ၁၀ လုံးခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လာရောက်ပစ်ခတ်တဲ့ ရဟတ်ယာဉ် ၁ စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း ၉ တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့လို့ စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10