ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်မှာ ပစ်ခတ်ခံရလို့ ပြည်သူ ၂ ဦးသေ ၂ ဦးဒဏ်ရာရ

ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်မှာ ပစ်ခတ်ခံရလို့ ပြည်သူ ၂ ဦးသေ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့နဲ့ ညောင်ကုန်းကျေးရွာ အကြား ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်မှာ ပစ်ခတ်ခံရလို့ ပြည်သူ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၆ ရက် မနက် ၁၁ နာရီခန့်က မိုင်းခွဲခံရလို့ ပျက်စီးထားတဲ့ ညောင်ကုန်းတံတားအနီးမှာ လမ်းအသုံးပြုသွားလာနေတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ ခရီးသွားတွေ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

"တံတားပျက်နေတော့ ဆိုင်ကယ်လေးတွေ သွားလာလို့ရအောင် ပျဥ်ပြားတံတားလေး လုပ်ထားကြတာ။ သံတွေဘာတွေတောင်မရိုက်ထားဘဲ ဆိုင်ကယ်တစီးလောက်သွားလို့ရအောင် ဒေသခံတွေက လုပ်ထားကြတာ။ မနေ့က အဲ့နားမှာ ဆိုင်ကယ်ကယ်ရီသမားတွေကော ဒေသခံတွေကော တံတားကူးနေချိန် ပစ်ခံရတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်ခံရလို့ ဆိုင်ကယ် ကယ်ရီသမားတွေဖြစ်တဲ့ ကိုပိကွေး ၃၀ နှစ်၊ ကိုအောင်ကြီး ၂၅ နှစ်တို့မှာ ကျည်ထိဒဏ်ရာနဲ့နေရာမှာ သေဆုံးသွားပြီး ကိုကျော်ရဲအောင်၊ ကိုကျော်လွင်ဦးဆိုသူ ၂ ဦးမှာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးသွားသူတွေကိုတော့ ဒေသခံတွေက ကျောက်ကြီးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။ ပစ်ခတ်မှုကိုတော့ ဘယ်သူတွေက လုပ်ခဲ့တယ်ဆိုတာကို မသိရသေးပါဘူး။ 

ပြီးခဲ့တဲ့မတ်လ ၃၀ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-နတ်သံကွင်းလမ်း ညောင်ကုန်းတံတားမှာ အုတ်သယ်ကား မိုင်းထိလို့  ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီး #နတ်သံကွင်း #လမ်းတံတား #စစ်ကောင်စီ #ဒေသခံ #ပစ်ခတ်ခံရမှု #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10