ကျောက်ကြီးမြို့နယ် KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာ ၁၈ ရွာက လယ်ဧက ၂၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီး

ကျောက်ကြီးမြို့နယ် KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာ ၁၈ ရွာက လယ်ဧက ၂၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာ ၁၈ ရွာက လယ်ဧက ၂၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ ကျောက်ကြီးမြို့နယ် ကရင့်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက စတင်ပြီး ရေကြီးနစ်မြုပ်မှုတွေကြောင့် ပျက်စီးခဲ့တာဖြစ်ပြီး အခုအောက်တိုဘာ ၁၆ ရက်ထိ ကော​က်ယူထားတဲ့စာရင်းအရ ကျေးရွာ ၁၈ ရွာက မိုးစပါး စိုက်ဧက ၇၁၇၇ ဧက ရေနစ်မြုပ်ခဲ့ပြီး လယ် ၂၉၅၇ ဧက ပျက်စီးခဲ့ပါတယ်။ 


မြေပြင်မှာ ရေကြီးနစ်မြုပ်ဧကနဲ့ ပျက်စီးဆုံးရှုံးမှုအခြေနေက ပိုများနိုင်ပြီး စာရင်းတွေ ဆက်လက် ကောက်ယူနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့ ရေကြီးမှုထဲမှာ လယ်တွေရေမြုပ်ပြီး တဝက်ပြန်ရတာ၊ လုံးလုံးပျက်စီးတာတွေရှိခဲ့တယ်။ ဒေသခံတွေက စစ်ဘေးကြားထဲကနေ စိုက်ပျိုးထားရတာက ခုရေဘေးကြောင့် ပျက်စီးမှုနဲ့ ထပ်ကြုံရတော့ စားဝတ်နေရေးက တော်တော်ခက်ခဲနေကြပြီ"လို့ ကျောက်ကြီးမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ တာဝန်ရှိသူက ​ပြောပါတယ်။

သူးကဘီး၊ မမရမ်းအထက်၊ ပဲသောင်၊ လိန်ပင်ဝဲ၊ ဒလဆိပ်၊ သစ်ဖရောင်းတန်း၊ ကျွန်းကြီး၊ လှေတန်း၊ ထိုးဝါးစိုက်၊ ကျီးပင်စု၊ ဝက်လာတော၊ နတ်သံကွင်း၊ ဟီဖိုးဒဲ၊ ပါတလာ၊ စဖျင်ကြီး၊ မမရမ်းအောက်၊ ထိုက်ထူ၊ တောခို စတဲ့ကျေးရွာကလယ်တွေ ရေနစ်မြုပ်ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။ 

စပါးခင်းတွေပျက်စီးလို့ စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်တွေ ပြန်မရလို့ တောင်သူတွေ အကြွေးတင်လာနိုင်တာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။ 

စပါးခင်းတွေထိခိုက်ပျက်စီးသွားတဲ့ တောင်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့ KNU နဲ့ ကရင် အရပ်ဘက်အဖွဲ့အစည်းတွေက စာရင်းကောက်ယူနေပြီး ထောက်ပံ့မှုတွေ လုပ်ပေးသွားဖို့ရှိပေမယ့် လိုအပ်ချက်တွေ ရှိနိုင်သေးတာကြောင့် ပြည်တွင်းပြည်ပရှိ နိုင်ငံသားတွေအနေနဲ့ လူသားချင်း စာနာထောက်ထားမှုအရ အကူအညီတွေ ပေးစေချင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံမှုကြောင့် လမ်းပျက်စီးတာတွေရှိတာကြောင့် ဒေသခံတွေဟာ လူမှုစီးပွားအခက်ခဲအပြင် မျက်စိနာ၊ တုတ်ကွေးစတဲ့ ကျန်းမာရေးပြသနာတွေလည်း ရင်ဆိုင်နေရပါတယ်။
 

စာတည်း - လင်း 


 
#မြေလတ်အသံ
#ပဲခူး #ကျောက်ကြီး #KNU #လယ်ယာ #ဆုံးရှုံး #ရေကြီးနစ်မြုပ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10