ကျောက်ကြီးမှာ မြေးအဖိုး ၂ ဦး ပစ်သတ်ခံရ

ကျောက်ကြီးမှာ မြေးအဖိုး ၂ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တုံးဘိုကျေးရွာနဲ့ လပတ်ကျေးရွာကြားမှာ နေအိမ်ပြန်ပြီး အဝတ်အစားယူတဲ့ မြေးအဖိုး ၂ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၁ ရက် နေ့လယ် ၂ နာရီခန့်မှာ လပတ်ကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ မျက်ရဲကျေးရွာနေ ကိုစိုင်းစိုင်း ၁၈ နှစ် နဲ့ အဖိုးဖြစ်သူ ဦးဝင်းရွှေ ၆၅ နှစ်တို့ဟာ မျက်ရဲကျေးရွာဘက်ကနေ လပတ်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ပြန်လာချိန်မှာ ပစ်သတ်ခံရတာ လို့ ဆိုပါတယ်။

"သူတို့က စစ်ရှောင်နေရာကနေ ထိုင်းသွားမယ်ဆိုပြီး မျက်ရဲက နေအိမ်မှာ လိုအပ်တဲ့ အဝတ်အစားနဲ့ စာရွက်စာတမ်းတွေ ပြန်ယူပြီး လပတ်ကို ပြန်လာချိန်မှာ ပစ်သတ်ခံရတာ"လို့ လပတ်ဒေသခံတဦးကညပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရလို့ မြေးအဖိုး ၂ ဦးမှာ ရင်ဘတ်နဲ့ နောက်ကျောတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ မြေးအဖိုး ၂ ဦးအလောင်းကိုတော့ လပတ်ကျေးရွာမှာပဲ ဒေသခံတွေက မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 

မေလ ၃ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာမှာ ဝပ်ရှော့ကနေ အိမ်ပြန်လာတဲ့ ၂၃ နှစ်အရွယ် စောလေးလူထူး (ခ) ဝဏ္ဏ ဆိုသူ ပစ်သတ်ခံခဲ့ရပါသေးတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #မြေးဖိုးနှစ်ဦး #အသတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10