ကျောက်ကြီးမှာ လက်နက်ကြီးထိလို့ အမျိုးသား ၁ ဦးသေဆုံး

ကျောက်ကြီးမှာ လက်နက်ကြီးထိလို့ အမျိုးသား ၁ ဦးသေဆုံး

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ အညာစုကျေးရွာမှာ စစ်အုပ်စုပစ်ခတ်တဲ့ လက်နက်ကြီးစမှန်တဲ့အတွက် အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၁၄ ရက်ည ၈ နာရီခန့်မှာ ဖြူးမြို့နယ်၊ ကညွတ်ကွင်းအရှေ့ဘက်ရှိ ခမရ ၄၃၉ တပ်ရင်းကနေ ဟောင်ဝင်ဇာ အမြှောက်တွေအပြင် ၁၂၂ မမ လက်နက်ကြီးတွေနဲ့ ကျောက်ကြီးမြို့နယ်ဘက်က ကျေးရွာတွေကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"သုံးလေးချက်လောက်တော့ ရှိမယ်။ ကျေးရွာတွေဘက်ကို ပစ်တာ။ သူကတော့အိမ်မှာရှိနေချိန် သူအိမ်နားလက်နက်ကြီးထိပြီး သေသွားတာ"လို့ ဒေသကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိလို့ အသက် ၃၀ အရွယ် တိုးလေး (ခေါ်) စိန်လွင်ထွေးဟာ တင်မဆုံအောက်ပေါက်ပြဲ ဒဏ်ရာနဲ့သေဆုံးသွားပါတယ်။

ယခုနိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့  ညတိုင်းနီးပါးပစ်ခတ်နေလို့ ဒေသခံတွေလည်း စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရပါတယ်။

ပြီးခဲ့တဲ့ အော​က်တိုဘာလအတွင်းမှာ ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်ဘက်က လေယာဥ်နဲ့ အကြိမ်ရေ ၅၀၊ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၂၀၀ ကျော် ပြုလုပ်ခဲ့ရာ ဒေသခံ ၁၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#​မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #အညာစု #စစ်ကောင်စီ #လက်နက်ကြီးပစ် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10