ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က ပေါက်သဲကုန်းတံတား မိုင်းခွဲခံရလို့ ပျက်စီး

ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က ပေါက်သဲကုန်းတံတား မိုင်းခွဲခံရလို့ ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာအနီး ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က ပေါက်သဲကုန်းတံတား မိုင်းခွဲခံရပြီး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၇ ရက် မနက် ၆ နာရီလောက်မှာ အလျား ၁၅ ပေ၊ အကျယ် ၂၀ ပေရှိ တံတားကို လက်နက်ကိုင်အဖွဲ့တခုက မိုင်းထောင်ဖျက်ဆီးတဲ့အတွက် ပြိုကျသွားတယ်လို့ ဆိုပါတယ်။

"အဲ့တံတားက ကျောက်ကြီးဘက်နဲ့ ပိုနီးတယ်။ ကျောက်ကြီးမြို့ပြီးရင် သဲကုန်းရွာပြီးတာနဲ့ အဲတံတားဘဲ။ တံတားကတော့ အတိုလေးပါဘဲ။ ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က တံတားတွေကတော့ ကုန်နေပါပြီ။ မရှိသလောက်ကို ဖြစ်နေပြီ" လို့ ဒေသခံတဦးကပြောပါတယ်။

တံတားပြိုကျလို့ ဆိုင်ကယ်၊ ကား သွားလာလို့ မရတော့ဘူးလို့ ဆိုပါတယ်။

၂၀၂၃ ဇန်နဝါရီကစပြီး ဇူလိုင် ၇ ရက်အထိ  ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က စစ်ပင်တံတား၊ အင်းသဘောက်တံတား၊ ညောင်ကုန်းတံတား၊ ဘုံသရောတံတား၊ နတ်သံကွင်း စစ်တောင်းမြစ်ကူးတံတား အပါအဝင် တံတား ၆ စင်းထက်မနည်း မိုင်းခွဲခံရပြီး ပျက်စီးထားတယ်လို့ သိရပါတယ်။

အဆိုပါ ကျောက်ကြီး-နတ်သံကွင်းလမ်းပိုင်းဟာ စစ်ကောင်စီတပ်တွေ ကျောက်ကြီးကနေ ပဲခူးရိုးမအထိ စစ်ကြောင်းထိုးရာ၊ ရိက္ခာသယ်ရာမှာ အများဆုံး အသုံးပြုနေလို့ KNLA ပူးပေါင်းတပ်တွေဘက်က မိုင်းခွဲရတာဖြစ် တယ်လို့ ဆိုပါတယ်။

 စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီး #သဲကုန်းကျေးရွာ #နတ်သံကွင်း #ပေါက်သဲကုန်းတံတား #မိုင်းခွဲခံရ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10