ကျောက်ဆည်က ပျူစောထီးဆိုသူ အမျိုးသမီးတဦး အသတ်ခံရ

ကျောက်ဆည်က ပျူစောထီးဆိုသူ အမျိုးသမီးတဦး အသတ်ခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ကညို့ကျေးရွာက ပျူစောထီးဆိုသူ အမျိုးသမီးတဦး ဇူလိုင် ၃ရက် မနက် ၈ နာရီ ကျော်မှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အသတ်ခံရသူဟာ အသက် ၄၀ကျော်အရွယ် ဒေါ်လဲ့လဲ့ဝင်း(ခ)ဘိုမဖြစ်ပြီး သံရွာကျေးရွာကနေ စျေးဝယ်ပြီး ဆိုင်ကယ်နဲ့ သူနေထိုင်ရာကျေးရွာကို ပြန်လာချိန် တောင်တော်ရွာအနီးမှာ သေနတ်နဲ့  ၃ ချက်ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

"ညာဘက်ပါး ၁ချက်၊ ရင်ဘတ် ၁ချက်၊ ဘယ်ဘက်ခြေသလုံး ၁ချက်နဲ့ ပွဲချင်းပြီး သေသွားတာ" လို့ ကျောက်ဆည် PDFနဲ့ နီးစပ်သူ ဒေသခံတဦးက ပြောပါတယ်။

 

ဒေါ်လဲ့လဲ့ဝင်းမှာ ၂၀၂၂ တုန်းက ကညို့ကျေးရွာအနီးမှာ အခြေချထားတဲ့ ကျောက်ဆည်ပကဖစခန်းတခုရဲ့ တည်နေရာကို စစ်ကောင်စီတပ်ဆီ သတင်းပေးခဲ့လို့ စခန်းမှာစီးနင်း မီးရှို့ခံလိုက်ရပါတယ်။ အဲဒီနောက် သူဟာ ပျူစောထီးသင်တန်းကိုလည်း တက်ရောက်ခဲ့သေးတယ်လို့ သူက ဆိုပါတယ်။ 

 

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၈ရက်မှာလည်း စစ်ကောင်စီလက်အောက်ခံ ဒလန်ဖြစ်သူ ကျောက်ဆည်မြို့နယ်၊ သာစည်လေးကျေးရွာက အသက် ၄၀ကျော်အရွယ် ဦးထွန်းဦးမှာ အခုလိုမျိုး သေနတ်နဲ့အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#မန္တလေးတိုင်း #ကျောက်ဆည်မြို့နယ် #ကညို့ကျေးရွာ #ပျူအမျိုးသမီး #အသတ်ခံရ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10