ကျောက်တံခါးတမြို့လုံး လုံခြုံရေးတင်းကျပ် ရွာကဈေးလာဝယ်သူအချို့ကို စစ်ကောင်စီက ဖမ်းဆီး

ကျောက်တံခါးတမြို့လုံး လုံခြုံရေးတင်းကျပ် ရွာကဈေးလာဝယ်သူအချို့ကို စစ်ကောင်စီက ဖမ်းဆီး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ တမြို့လုံးကို အစစ်ဆေးတင်းကျပ်နေပြီး ကျေးရွာတွေကနေ မြို့ပေါ်တက်ကာ ကုန်ခြောက်လာဝယ်တဲ့ ရွာသားတွေကိုလည်း ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဇူလိုင် ၉ ရက် မနေ့ မနက်ပိုင်းက စတင်ပြီး ဈေးဝယ်တွေကို နေရပ်မေးမြန်းကာ စစ်တောင်းမြစ်ဝှမ်းရွာတွေကနေ လာတဲ့သူဆိုရင် ကုန်ပစ္စည်းနဲ့ လူကို ဖမ်းဆီးရုံသာမက ဆိုင်ကယ်ကောင်းတာတွေကိုလည်း အတင်းအဓမ္မ ယူဆောင်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“ကျနော့်အမြင်တော့ ကာကွယ်ရေးအဖွဲ့တွေကို ရိက္ခာဖြတ်မယ်ဆိုတဲ့ ပုံစံမျိုးပေါ့၊ ကျောက်တံခါးတမြို့လုံးကို ဧည့်စာရင်းနဲ့ ဖုန်းတွေစစ်တယ်၊ မြို့အစပ်မှာလည်း ကင်းတွေချထားတယ်၊ အရင်က မရှိဘူး၊ လက်နက်ကြီးတွေလည်း ရွာတွေဘက် လှည့်ဆင်ထားတယ်။” လို့ ကျောက်တံခါး ပြည်သူတဦ်းက ပြောပါတယ်။

ကျောက်မှော်ဘုရားကြီးကနေ ဆန်ဝယ်လာတဲ့ ရွာသား ၇ဦ်းကိုလည်း ဆန်အိတ်နဲ့အတူ ဖမ်းဆီးသွားပြီး ကျောက်မှော်ဘုရားကြီး၊ ဝက်လှတော၊ ဒါးကလားစတဲ့ ကျေးရွာတွေအပြင် စစ်တောင်းမြစ်နဲ့ နီးတဲ့ကျေးရွာတချို့က ဈေးဝယ်ပြည်သူတွေလည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဈေးဝယ်ပြည်သူတွေကို ဖမ်းဆီးရုံသာမက ကျောက်တံခါးမြို့ အရှေ့ဘက်အစပ်ကနေ  စစ်တောင်းမြစ်ကမ်းက ကျေးရွာတွေဘက်ကိုလှည့်ကာ လက်နက်ကြီးတွေ တပ်ဆင်ထားပြီး ခန့်မှန်းချက်အရ ၁၂၂ မမတွေ ဖြစ်နိုင်တယ်လို့ပြောပေမယ့် မြေလတ်အသံအနေနဲ့တော့ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။

“စစ်ဆေးတာတွေက အရမ်းကြမ်းနေတာ၊ ဆိုင်ကယ်ကို တယောက်ထဲစီးပြီး အနောက်ခြေနင်းတုံးချထားရင်တောင် ဖမ်းပါတယ်၊ ဆီလည်း ဆိုင်ကယ်တစီးစာထက်ပိုပြီး ဝယ်လို့မရဘူး။”လို့ ဒေသခံတဦ်းက ပြောပါတယ်။

မြို့ပေါ်နေ ပြည်သူတချို့ကလည်း စစ်ကောင်စီဘက်က မတရားဖမ်းဆီးတာတွေ များလာတဲ့အတွက် မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေဘက်ကို ပြောင်းရွှေ့တာတွေ လုပ်လာကြတယ်လို့ သိရပါတယ်။

ဇူလိုင် ၁ရက်က ပဲခူးတိုင်းကို စစ်ရေးမြှင့်တင်သွားမယ်လို့ ထုတ်ပြန်ချက်တွေ ထွက်ပေါ်ပြီးနောက်  ပဲခူးတိုင်းအရှေ့ခြမ်းဖြစ်တဲ့ ကျောက်ကြီး၊ နတ်သံကွင်း၊ ညောင်လေးပင်၊ ကညွတ်ကွင်း၊ မုန်းနဲ့ ဖြူးမြို့နယ်တွေမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး ၂ဖက် စစ်ရေးပြင်ဆင်မှုတွေ လုပ်နေကြတာလည်း ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်တံခါး #စစ်ကောင်စီ #လုံခြုံရေးတင်းကျပ် #ဒေသခံ #စားနပ်ရိက္ခာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10