ကျောက်တံခါးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်လို့​ ကလေး ၂ ဦးအပါမိသားစုဝင် ၄ ဦးသေဆုံး

ကျောက်တံခါးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်လို့​ ကလေး ၂ ဦးအပါမိသားစုဝင် ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီတပ်က ဇူလိုင်လ ၂၃ ရက် ည ၈ နာရီကျော်မှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးအပါအဝင် မိသားစု ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ ၄ ဦးမှာ သမင်အင်းကုန်းကျေးရွာက ၈ နှစ်အရွယ်အမျိုးသား ၁ ဦး၊ ၁၁ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ၄၇ နှစ်အရွယ်အမျိုးသား ၁ ဦး၊ ၄၅ နှစ်အရွယ်အမျိုးသမီး ၁ ဦးတို့ဖြစ်ကြပြီး နေအိမ်မှာအိပ်နေချိန် ၁၂၀ မမတလုံး ကျရောက်လာခဲ့တာလို့ ဆိုပါတယ်။

"သူတို့က မိသားစုတွေပါ။ သားမိသားဖတွေပေါ့။ ၄ ယောက်တန်းစီပြီးတော့ အိပ်နေချိန်မှာ အိမ်ခေါင်မိုးကို လက်နက်ကြီးကျရောက် ပေါက်ကွဲပြီးတော့ ပွဲချင်းပြီးသေသွားတာ" လို့ ကျောက်တံခါးဒေသခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲမဖြစ်ဘဲ သမင်အင်းကုန်းကျေးရွာနဲ့ ၃ မိုင်ခန့်ဝေးတဲ့ ခလရ (၂၆၄)၊ ခမရ (၃၀၇)၊ ခမရ (၃၀၈) တပ်ရင်းတို့က လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်ခဲ့ရာကနေ ကျေးရွာထဲကို ကျရောက်လာခဲ့တာလို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဒါ့အပြင် လူနေအိမ် ၇ လုံးပါ အနည်းငယ်ပျက်စီးမှုရှိခဲ့ပြီး အခြားဒေသခံ သေဆုံး၊ ဒဏ်ရာရတာတွေ မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်းကလည်း စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ငါးဖယ်အင်းကျေးရွာက ပြည်သူ ၄ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်တံခါး #သမင်အင်းကုန်း #ဒေသခံမိသားစု #စစ်ကောင်စီ #လက်နက်ကြီးထိမှန် #သေဆုံးမှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10