ကျောက်တံခါးမှာ ဒေသခံအမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းထိလို့ ဒဏ်ရာရ

ကျောက်တံခါးမှာ ဒေသခံအမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းထိလို့ ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ လေးအိမ်စုကျေးရွာမှာ ဒေသခံအမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းထိလို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီ ၇ ရက် မနက် ၉ နာရီခန့်မှာ လေးအိမ်စုရွာနေ အသက် ၁၈ နှစ်အရွယ် ဆာရီသာကူမာရီ ဟာ နေအိမ်ကနေ မိသားစုပိုင် ပဲခင်းထဲသို့သွားရောက်ချိန် ပဲခင်းအရောက်မှာ မြေမြှုပ်မိုင်းထိခဲ့တာလို့ဆိုပါတယ်။

"ပဲ ခူးဖို့သွားတဲ့အချိန် သူတို့လယ်ကွက်ထဲမှာပဲ ထိသွားတာ။ ပေါက်ကွဲသံကြားရတော့ ရွာသားတွေ ထွက်ကြည့်ကြတော့ သူ့ကိုလဲနေတာတွေ့ရတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းထိပြီး ဆာရီသာကူမာရီမှာ လက်နဲ့ခြေထောက်တွေမှာ မိုင်းထိမှန် အရေပြားစုတ်ပြဲဒဏ်ရာတွေရခဲ့လို့ ဒေသခံတွေက ကျောက်တံခါးဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဒေသဝန်းကျင်ဟာ စစ်ကောင်စီအဖွဲ့တွေရော KNLA နဲ့ PDF အဖွဲ့တွေရော လှုပ်ရှားသွားလာနေတဲ့ဒေသ ဖြစ်တာကြောင့် ဘယ်အဖွဲ့ကထောင်ထားတဲ့မြေမြှုပ်မိုင်းဆိုတာ မသိရဘူးလို့ဆိုပါတယ်။

ဇန်နဝါရီ ၂၃ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ အောင်မြေရပ်ကွက် သုသာန်အနီးမှာ နွားကျောင်းသွားတဲ့ အမျိုးသား ၁ ဦး မိုင်းထိလို့ ခြေထောက်ပြတ်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်တံခါး #လေးအိမ်စု #အမျိုးသမီး #မြေမြှုပ်မိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10