ကျောက်တံခါးမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦးသေ၊ ကလေးငယ် ၁ ဦးဒဏ်ရာရ

ကျောက်တံခါးမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦးသေ၊ ကလေးငယ် ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီခန့်မှာ ဘာဘူကုန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ သူဌေးကုန်းကျေးရွာအရှေ့ပိုင်းနေ ဒေါ်ညိုရဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"အိမ်က ထရံကာ ဖက်မိုးအိမ်ဆိုတော့ လက်နက်ကြီးက အိမ်ပေါ်ကျလို့ အိမ်ထဲရှိနေတဲ့သူတွေထိသွားတာ။ သမီးနဲ့အမေနဲ့ သေတယ်။ ​မြေးက ဒဏ်ရာရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

လက်နက်ကြီးထိလို့ အသက် ၆၅ နှစ်အရွယ် ဒေါ်ညိုဟာ ရရှိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပြီး 

သမီးဖြစ်သူ မေအိအိမော်ကတော့ ကျောက်တံခါးဆေးရုံရောက်မှ သေဆုံးခဲ့ကာ မြေးဖြစ်သူ မောင်ဟိန်းသူအောင် ၃ နှစ်မှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ ဒီတိုက်ခိုက်မှုဟာ PDF တွေဘက်က ဒရုန်းနဲ့ဗုံးကြဲချတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒီဇင်ဘာ ၁၃ ရက် ည ၇ နာရီခန့်မှာလည်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တလုံးက ကျောက်တံခါးမြို့နယ်၊ အလှိုင်ကျေးရွာထဲကိုကျပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #လက်နက်ကြီးပစ် #စစ်ကောင်စီပစ်ခတ် #အမျိုးသမီးသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10