ကျောက်ထုကနေ တပ်မ ၁၀၁ကိုလာတဲ့ စစ်ယာဥ်တန်းနဲ့လုံခြုံရေးအဖွဲ့တွေ မိုင်းဆွဲခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းမှာ စစ်ကောင်စီယာဥ်တန်းတွေနဲ့ အဲ့ဒီကားတွေကိုကင်းစောင့်ပေးတဲ့ စစ်သားတွေကို PDF အဖွဲ့အချို့က နေရာအသီးသီးကနေ တိုက်ခိုက်ခဲ့ကြပါတယ်။

ကားအစီး ၇၀ ကျော်ပါတဲ့ စစ်ယာဥ်တန်းဟာ သြဂုတ်လ ၅ ရက်ကတည်းက ကျောက်ထုဘက်ကနေ ထွက်လာခဲ့တဲ့ယာဉ်တန်းဖြစ်ကာ လမ်းတောက်လျှောက် တိုက်ခိုက်ခံရတာတွေရှိခဲ့ပါတယ်။

ဩဂုတ်လ ၂၂ ရက် မနက် ၈နာရီလောက်မှာ အဲ့ဒီယာဥ်တန်းတွေကို ကမ္မနဲ့ ပခုက္ကူအကြားမှာ မြိုင် ပကဖက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်သလို မြေပြင်မှာလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ 

မြိုင်ပကဖ ဗိုလ်လက်ယာတို့အဖွဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က စစ်သား ၂ ဦးနဲ့ ပျူစောထီး ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

အဲ့ဒီနောက် သြဂုတ်လ ၂၂ရက် ညနေ ၅နာရီလောက်မှာ ပခုက္ကူ PPDF အဖွဲ့က ပခုက္ကူမရောက်ခင်မှာ ထပ်ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

PPDF ရဲ့တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က ၉ဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒီယာဉ်တန်းဟာ ကျောက်ထုဘက်က ရှေ့တန်းပြန်လာတဲ့ ယာဥ်တန်းဖြစ်ကာ ကား အစီး၇၀ကျော် အပြင် ဘေးက လမ်းလျှောက်ပြီးလုံခြုံရေးယူပေးတဲ့ စစ်သားနဲ့ ပျူအင်အား ၃၀၀နီးပါးပါတဲ့ ယာဥ်တန်းကြီးဟာ တပ်မ ၁၀၁ ထဲ ဝင်သွားကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ကျောက်ထု #ပခုက္ကူ #တပ်မ၁၀၁ #မိုင်းဆွဲတိုက်ခိုက် #မြိုင်ပကဖ #PPDF #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10