ကျောက်ထုအမြောက်တပ်က ဒုအရာခံဗိုလ် YRA ဆီ အလင်းဝင်

ကျောက်ထုအမြောက်တပ်က ဒုအရာခံဗိုလ် YRA ဆီ အလင်းဝင်

မကွေးတိုင်း၊ ထီးလင်းမြို့၊ ကျောက်ထုအမြောက်တပ်က ဒုအရာခံဗိုလ် ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ အတူ Yaw Revolution Army - YRA ဆီ အလင်းဝင်ရောက်လာတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ဒုအရာခံဗိုလ် ကျော်စိုးလှိုင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်မှာ MA 3 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၁၉ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည်နဲ့အတူ အလင်းဝင်လာခဲ့တာဖြစ်ပြီး သူ့ကို နိုဝင်ဘာ ၁၂ ရက် မနေ့က သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ Yaw Revolution Army - ထီးလင်း ခေါင်းဆောင်သခင်ဇော်က ပြောပါတယ်။

“သူအလင်းဝင်လာတဲ့ အကြောင်းကတော့ စစ်ကောင်စီအာဏာသိမ်းတဲ့နောက်ပိုင်းမှာ ပိုပြီးပိုပြီးတော့ ငြီးငွေ့လာတယ်၊ သူတို့တပ်က လုပ်တဲ့လုပ်ရပ်တွေ သူတို့အထက်အကြီးအကဲ‌တွေရဲ့ လုပ်ရပ်တွေဟာ မှားနေတယ်ဆိုပြီးတော့ သူပြောလာတယ်” လို့ အလင်းဝင်လာသူ ဒုအရာခံဗိုလ်ရဲ့ ပြောပြချက်ကို သခင်ဇော်က ပြန်ပြောပြပါတယ်။

လက်ရှိမှာတော့ အဆိုပါဒုအရာခံဗိုလ်ကို YRA - ထီးလင်း စခန်းမှာပဲ ထားရှိပြီး ရှေ့ဆက်ဘာလုပ်ချင်လဲဆိုတာကို မေးမြန်းထားတယ်လို့ ဆိုပါတယ်။ 

ဒုအရာခံဗိုလ်အပါအဝင် Yaw Revolution Army - ထီးလင်း အဖွဲ့ဆီ အလင်းဝင်လာသူ စုစုပေါင်း ၇ ဦး ရှိပြီလို့လည်း သခင်ဇော်က ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ထီးလင်း #ကျောက်ထုအမြှောက်တပ် #ဒုအရာခ့ဗိုလ် #အလင်းဝင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10