သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုမြို့မှာ ရှိတဲ့ အမြောက်တပ်ကို PDF က ဝင်တိုက်မယ်ဆိုတဲ့ သတင်း တပ်တွင်းပြန့်နှံ့နေပြီး အဲ့ဒီအချိန်က စလို့ အမြောက်တပ်အတွင်းမှာ မနက်ရောညပါ ပဌာန်းရွတ်နေကြတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ရက်က စပြီး မနက်စောစောနဲ့ ညပိုင်းတွေမှာ ရွတ်ဖတ်သံတွေကြားရပြီး ဒီနေ့အထိ ရွတ်ဖတ်နေကြဆဲ ဖြစ်တယ်လို့ အဲ့ဒီဒေသခံတဦးက ပြောပါတယ်။
" သူတို့ နေ့ရောညရော ပဌာန်းတွေရွတ်တယ်၊ တူးထားတဲ့ ကျင်းတွေထဲမှာ အမြဲတမ်းကင်းစောင့်တယ်၊ ပတ်ပတ်လည်မှာလည်း ကျင်းတွေတူးထားတာရှိတယ် ၊ ကျင်းတွေထဲမှာ အချိန်ပြည့်ကင်းစောင့်ပြီးတော့ PDF ကလာတိုက်မယ်ဆိုတဲ့ သတင်းမှားရပြီး သူတို့ဘက်က အမြဲတမ်း အဆင်သင့်ဆိုတဲ့ ပုံစံမျိုး" လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ရက်က ကျောက်ထုအမြောက်တပ်ကို PDF က လက်နက်ကြီးနဲ့ ၃ချက် စမ်းသပ်ပစ်ခတ်ခံခဲ့ရဖူးတဲ့ နေရာဖြစ်ပါတယ်။
#မြေလတ်အသံ
Share Share Share