ကျောက်ပန်းတောင်းက ပျူစောထီးတဦး အသတ်ခံရ

ကျောက်ပန်းတောင်းက ပျူစောထီးတဦး အသတ်ခံရ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်မြို့နယ်၊ ကျောက်တံခါးကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်တဦးလည်းဖြစ်သူ အသတ်ခံခဲ့ရတယ်လို့ Ah Nyar Myay People's Defense Force-Kyaukpadaung အဖွဲ့ဆီက သိရပါတယ်။ 

အသက် ၅၀ ကျော်အရွယ် ပျူစောထီးခေါင်းဆောင် ကိုဝင်းအောင်ရဲ့နေအိမ်ကို ဒေသခံကာကွယ်ရေးတပ်သားတွေက ဩဂုတ် ၂၃ ရက်ညနေ ၃ နာရီလောက်မှာ ဝင်ရောက်ရှာဖွေချိန် ထွက်ပြေးသွားခဲ့ပြီးနောက် ပြန်ဖမ်းမိချိန်မှာ ရှင်းလင်းခဲ့တာလို့ Ah Nyar Myay People's Defense Force-Kyaukpadaung တာဝန်ခံက ပြောပါတယ်။

အဲ့ဒီနေ့မနက်ပိုင်းမှာပဲ ပုပ္ပါးတောင်ခြေရှိ စစ်ကောင်စီရဲ့  ၇၈ တပ်ရင်းကနေ စစ်ကား ၆ စီးနဲ့ Double Cab ကား ၁ စီးနဲ့လာပြီး ရွာထဲကပြည်သူ ၂ ဦးကိုဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းမှာ ခုလိုရှင်းလင်းခဲ့တာလို့လည်း ဆိုပါတယ်။ 

ရှင်းလင်းခဲ့ပြီးနောက်မှ ကိုဝင်းအောင်ဆီကနေ ကျည်ကာအင်္ကျီ ၁ ထည်၊ စစ်သုံးရေဗူး ၁ ဗူးနဲ့ ဓါး ၁ ချောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ညောင်ဦး #ပျူစောထီး #အုပ်ချုပ်ရေးမှူး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10