ကျောက်ပန်းတောင်းမှာ စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သားမိသားစုဝင် ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ကျောက်ပန်းတောင်းမှာ စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သားမိသားစုဝင် ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းရွာက ၂ ထပ်တိုက်ကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစီးက ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် မိသားစုဝင် ၄ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ စက်တင်ဘာ ၁ ရက် ည ၆ နာရီကျော်မှာ မြင်းခြံကုန်းရွာကို ဗုံး ၃ လုံး ကြဲချခဲ့တာဖြစ်ပါတယ်။ 

မြင်းခြံကုန်းကျေးရွာဟာ တောင်သာမြို့နယ်နဲ့ ကျောက်ပန်းတောင်းမြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတာမျိုး မရှိဘူးလို့ သိရပါတယ်။ 

“ပြည်သူ့နေအိမ် ၂ ထပ်တိုက် ၁ လုံးပေါ်ကျတာ၊ အဲ့ဒီ ၂ ထပ်တိုက်ကတော့ လုံးဝပျက်စီးသွားတယ်။ သေဆုံး တာလည်း ဒီတိုက်က မိသားစုဝင် ၄ ဦးပဲ၊ ဒဏ်ရာရတာကလည်း ဒီတိုက်က မိသားစုဝင် ၂ ဦးပဲ” လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ဒဏ်ရာရသူ ၂ ဦးအနက် ၁ ဦးမှာ အသက် ၈ နှစ်အရွယ်ကလေးတဦးဖြစ်တယ်လို့ သိရပါတယ်။ 

ဒဏ်ရာရသူ ၂ ဦးကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ကျောက်ပန်းတောင်းမြို့နယ် ကာကွယ်ရေး အဖွဲ့တွေက ညတွင်းချင်း ရှေးဦးသူနာပြုနည်းနဲ့ ဆေးဝါးကုသမှု‌တွေလုပ်ပေးနေတယ်လို့ ဆိုပါတယ်။ 

ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက ရွာတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ပြည်သူ့ နေအိမ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေတူးပြီး ဂရုတစိုက်နေကြဖို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ကျောက်ပန်းတောင်း #မြင်းခြံရွာ #စစ်ကောင်စီ #လေယာဉ် #ဗုံးကြဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10