သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မဲတီးကျေးရွာမှာ သန်းခေါင်စာရင်းကောက်ဖို့ ကြိုးပမ်းနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အာဠာဝကပြောက်ကျားတပ်ဖွဲ့ တာဝန်ခံဆီက သိရပါတယ်။
ဇူလိုင် ၂ ရက် မနက် ၁၁ နာရီခန့်မှာ နေအိမ်မှာရှိနေတဲ့ အုပ်ချုပ်ရေးမှူး ဦးချစ်သိန်း ၄၀ နှစ်ခန့်ကို သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
"သူအိမ်မှာသွားရှင်းတာ။ သူကျနော်တို့ကိုမြင်တာနဲ့ ယာခင်းဘက်ကို ထွက်ပြေးတာ။ လိုက်လံ ပစ်ခတ် ရှင်းလင်းခဲ့ရတာ။ ၇ ချက်လောက်ပစ်ခဲ့တယ်" လို့ အာဠာဝကပြောက်ကျားတပ်ဖွဲ့ တာဝန်ခံကိုပေတ က ပြောပါတယ်။
ပစ်ခတ်ရှင်းလင်းခံရလို့ အုပ်ချုပ်ရေးမှူး ဦးချစ်သိန်းမှာ နောက်ကျောနဲ့ ဦးခေါင်းတွေမှာ ကျည်ထိ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။
ဦးချစ်သိန်းဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှ အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ပြီး စစ်ကောင်စီ ခိုင်းစေတဲ့လုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်လုပ်ဆောင်တာ၊ အခုအခါ စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် ကျေးရွာမှာ လူဦးရေသန်းခေါင်စာရင်းကောက်ယူရာမှာ တက်ကြွစွာ ပါဝင်လုပ်ဆောင်နေ သူလို့ ဆိုပါတယ်။
အထက်ပါ ပစ်ခတ်မှုကို အာဠာဝကပြောက်ကျားတပ်ဖွဲ့၊ ကျောက်ပန်းတောင်းဇီးကွက်အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာနေ ခပေါင်းကုန်းကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်နဲ့ သားဖြစ်သူ ကိုဝင်းမင်းသန့်တို့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း-လင်းဇေ
#မြေလတ်အသံ
#မန္တလေးတိုင်း #ကျောက်ပန်းတောင်း #မဲတီးကျေးရွာ #သန်းခေါင်စာရင်း #အုပ်ချုပ်ရေးမှူး #အာဠာဝကပြောက်ကျားတပ်ဖွဲ့
Share Share Share