သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရေနံမကျေးရွာက ကျောက်မီးသွေးလုပ်ငန်းခွင်မှာ တွင်းတူးနေတဲ့ လုပ်သား ၂ ဦး တွင်းထဲကိုရေဝင်ရာမှ ရေမွန်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်
သေဆုံးသူတွေဟာ ငဖဲမြို့နယ်၊ ငရံ့ချောင်းရွာနေ ကိုခင်ဇော်နဲ့ ချင်းမကျေးရွာနေ ကိုနေအောင်တို့ဖြစ်ပြီး အသက် ၂၀ အရွယ်တွေဖြစ်ပါတယ်။ ဇွန်လ ၂ ရက်ညပိုင်းမှာ ကျောက်မီးသွေးတွင်းတူးနေချိန် မိုးရေတွေတွင်းထဲဝင်လာပြီး နှစ်ဦးစလုံးပြန်ထွက်မလာနိုင်ဘဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"တွင်းတူးနေချိန် မိုးကရုတ်တရက်ရွာချလာတော့ တွင်းထဲရေတွေဝင်လာတာ။ အဲ့ဒါကို သူတို့ကထွက်ဖို့ ကြိုးစားကြပေမယ့် ရေတွေက ဒရဟောဝင်လာတော့ ထွက်မရဖြစ်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူတွေရဲ့အလောင်းကို ကျောက်မီးသွေးတွင်းတာဝန်ရှိသူတွေက ညတွင်းချင်း ရေနံမတိုက်နယ်ဆေးရုံကိုပို့ဆောင်ခဲ့ပြီး ဇွန်လ ၃ ရက်မနက်မှာ ဆေးရုံကတဆင့် သက်ဆိုင်ရာကျေးရွာတွေကို ပြန်ပို့ပြီးနောက် သင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #အထက်မင်းလှ #ကျောက်မီးသွေးလုပ်သား #ရေနစ်
Share Share Share