ကျောက်ရစ်ရဲစခန်းက စစ်သားတွေ RPG နဲ့ ပစ်ခံရလို့ စစ်သား ၄ ဦးသေဆုံးဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်း ဘန်ကာရှေ့က စစ်သားတွေကို မေလ ၂၁ ရက် ညနေ ၂ နာရီခွဲကျော်မှာ RPG နဲ့ပစ်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့လို့ ၄ ဦးသေဆုံးတယ်လို့ 11 Brothers Revolution Forces Myaung အဖွဲ့ဆီက သိရပါတယ်။

အင်အား ၁၀ ဦးခန့်ဟာ ဘန်ကာတွေရှေ့မှာ စုပြီးဖဲရိုက်နေစဉ် ပစ်ခဲ့တာကြောင့် ၄ ဦး သေဆုံးခဲ့တယ်လို့ 11 Brothers Revolution Forces Myaung ဗိုလ်ရာကျော်က ပြောပါတယ်။

"ညနေပိုင်းမှာ ဘန်ကာရှေ့မှာ ကင်းသမားတွေက ဖဲထိုင်ရိုက်နေတယ်ပေါ့။ လုပ်မယ်ဆို လုပ်လို့ရတယ်ဆိုပြီး ပြည်သူတဦးကသတင်းပေးတာ။ သွားပြီးတော့ပစ်ခတ်ခဲ့တာ။ ပထမတော့ လက်နက်ကြီး RPG နဲ့ ၁ ချက်ပစ်တယ်။ နောက်ပိုင်း ကျနော်တို့လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ကျနော်တို့ပစ်ခတ်တဲ့အချိန်မှာ ၄ ကောင်သေတယ်။ ပစ်ပြီးတာနဲ့ ပြန်ဆုတ်လာခဲ့တယ်" လို့ ဗိုလ်ရာကျော်က ပြောပါတယ်။

ပစ်ခတ်မှုပြီးချိန်မှာ ၂ဦးကတော့ ပွဲချင်းပြီးသေဆုံးပြီး ကျန်၂ဦးလည်း ဒဏ်ရာပြင်းထန်ပြီး နောက်မှသေသွားတယ်လို့ မြေပြင်သတင်းပေးမှုအရ သိရတယ်လို့ ဆိုပါတယ်။


အင်အား ၂၀၀ ကျော်ရှိတဲ့ အဲ့ဒီစခန်းက စစ်သားတွေဟာ မကြာမကြာ တပ်အပြောင်းအလဲတွေ လုပ်နေတာကြောင့် ဘယ်တပ်ရင်းကလို့ မသိရဘဲ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ စခန်းပတ်ပတ်လည်ကို အဝင်အထွက်ပိုလုပ်နေပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့လည်း ဆိုပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#မြောင် #ကျောက်ရစ်ရဲစခန်း #ပစ်ခတ်မှု #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10