ကျောက်ရစ်ရဲစခန်းနဲ့စစ်ကြောင်း ဗုံးကြဲတိုက်ခိုက်ခံရလို့ ၁၀ ဦးခန့် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မှာ ကျောက်ရစ်ရဲကင်းစခန်းနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတခုကို အောက်တိုဘာ ၁၈ ရက် မနက် ၁၀ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ​Myaung PDF CDSOM က ပြောပါတယ်။

စစ်ကောင်စီတပ်သား ၁၀၀ လောက်တပ်စွဲနေတဲ့ ကျောက်ရစ်ရဲကင်းစခန်းနဲ့ စခန်းကနေ ကင်းရွာဘက်ကို စစ်သားအင်အား ၃၀ ကျော် နဲ့စစ်ကြောင်းထွက်တဲ့အဖွဲ့တို့ကို တပြိုင်နက်တည်း ဒရုန်း ၁ စီး၊ မောင်းသူမဲ့လေယာဥ် ၂ စီးတို့နဲ့ ဗုံးသီး ၉ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ခိုက်ချိန် ၄ နာရီကျော်ကြာခဲ့ပြီး ၁၀ ဦးဒဏ်ရာရတာကို အတွင်းသတင်းပေးပြောပြချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့Myaung Pdf CDSOM ခေါင်းဆောင် ကိုနွေဦးက ပြောပါတယ်။

ဗုံးသီး ၉ လုံးချတိုက်ခိုက်မှုမှာ ကျောက်ရစ်ရဲကင်းစခန်းကို ၅ လုံး၊ ကင်းရွာဘက် စစ်ကြောင်းထိုးသွားတဲ့ စစ်ကြောင်းကို ၄ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ အချက် ၃၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ CDSOM ၀၀၁ DRONE TEAM၊ မြောင်မြို့နယ် ပလဖ၊ ဆင်ရိုင်းစစ်ကြောင်း -မြောင်၊ WILD BIRD ကောလင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၃ ရက်ကလည်း ကျောက်ရစ်ရဲကင်းစခန်းကို CDSOM အဖွဲ့က ဒရုန်း၊ မောင်းသူမဲ့ လေယာဥ်တွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်း သေဆုံး၊ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #စစ်ကိုင်းတိုင်း #မြောင် #ကျောက်ရစ်ရဲစခန်း #စစ်ကောင်စီတပ် #ဒရုန်းတိုက်ခိုက်မှု#CDSOM #ပလဖ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10