ကျောက်ရစ်ရွာစစ်စခန်းကို ကျားခင်စိန်က ၄၀ မမနဲ့ပစ်ခတ်၊ စစ်တပ်ကင်းပုန်းအဖွဲ့နဲ့လည်း အပြန်အလှန်ပစ်ခတ်မှုဖြစ်

ကျောက်ရစ်ရွာစစ်စခန်းကို ကျားခင်စိန်က ၄၀ မမနဲ့ပစ်ခတ်၊ စစ်တပ်ကင်းပုန်းအဖွဲ့နဲ့လည်း အပြန်အလှန်ပစ်ခတ်မှုဖြစ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာမှာတပ်စွဲထားတဲ့ စစ်သားတွေကို M 79 ၄၀ မမနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ T.G.R Wormen Drone Force အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင်လ ၂၂ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်မှာ ကိုးပင်ရွာအခြေကနေ စစ်တပ်စခန်းကို သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ရာနေရာအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုနဲ့လည်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က M 79 ၄၀ မမ တကမ်းကနေလှမ်းထုတာ။ ၁ ချက်ပဲပစ်ခတ်နိုင်ခဲ့တယ်။ ပစ်တာကတော့ သုံး၊ လေးချက်လောက်ပစ်ဖို့ပါ။ စစ်ကောင်စီရဲ့ကင်းပုန်းတွေရှိတာကြောင့် ကာကွယ်ရေးအဖွဲ့တွေက ကာပစ် ပစ်ပေးရင်းကနေ ပစ်ရတာမို့ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်။ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပါဘူး” လို့ T.G.R Wormen Drone Force ကျားခင်စိန်က မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ ကျောက်ရစ်စခန်းကို ၈ ကြိမ်မြောက် သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက ကျောက်ရစ်စခန်းအနီးမှာရှိတဲ့ ကိုးပင်ရွာမှာကင်းပုန်းဝပ်နေကြလို့ ကိုးပင်ရွာကဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို T.G.R People Defense Force၊ T.G.R Women Drone Force၊ ကျောက်ဆည်ခရိုင် တပ်ရင်း(၂)၊ စစ်ကိုင်းခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃)၊ စစ်ကိုင်းခရိုင်တပ်ရင်း (၆)တပ် ခွဲ(၃)၊ အညာမြေ (ကျောက်ပန်းတောင်း)၊ မြောင်မြို့နယ်ပကဖအင်အားစုနဲ့ နယ်မြေခံအဖွဲ့အစည်းမဟာမိတ်ညီနောင်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #စစ်ကောင်စီတပ် #M79 #ပစ်ခတ်မှု #TGR #ကျားခင်စိန်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10