သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း ပေါက်မြို့အဝင်က အိမ်တွင်းမှုကျောင်းရှေ့မှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်အုပ်စုကို မတ်လ၂၂ ရက် မနေ့က နေလယ်ပိုင်းမှာ RPG နဲ့ပစ်ပြီးတိုက်ခိုက်ခဲ့တာကြောင့် အထဲက စစ်သား ၅ ဦးပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။
"ပေါက်မြို့အဝင် အိမ်တွင်းမှုကျောင်းမှာ တပ်စွဲထားတဲ့ စစ်သား၊ရဲ နဲ့ ပျူတွေက လမ်းသွားလမ်းလာတွေကို ပိုက်ဆံ အတင်းအကြပ်တောင်းတာကြောင့် ဝင်ပစ်တာ။ သူတို့နဲ့ကျနော်တို့ကနီးတယ်။ ဘောလုံးကွင်တကွင်းစာတောင်မရှိဘူး" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ ဗိုလ်လက်ယာက ပြောပါတယ်။
RPG လက်နက်ကြီးနဲ့ ၁ ချက်အပါအဝင် လက်နက်ငယ်တွေနဲ့ပါ အဲဒီစစ်ဆေးရေးဂိတ်က အင်အား ၃၀ ကျော်အဖွဲ့ကို ပစ်ခတ်လို့ ၅ ဦး ဒဏ်ရာရပြီး သေဆုံးမှုကိုတော့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ ၊ ပေါက်ကာကွယ်ရေး ဗိုလ်တစ္ဆေအဖွဲ့ ၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ နှင့် မြိုင် ပကဖ ရင်း ( ၁ ) ခွဲ ( ၃ ) စိတ် ( ၄ ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
တည်းဖြတ်- CM
#မြေလတ်အသံ
Share Share Share