ကျောင်းသားပြည်သူ ၅၀၀ ကျော်က ခေတ်အဆက်ဆက်အာဇာနည်များကို ဂုဏ်ပြု

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ကျောင်းသားပြည်သူ ၅၀၀ ကျော်ပူးပေါင်းကာ လွတ်လပ်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည်တွေအပါအဝင် နွေဦးတော်လှန်ရေးကာလ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို ၇၆ ကြိမ်မြောက် အာဇာနည်နေ့မှာ ဂုဏ်ပြုခဲ့ကြပါတယ်။ 

ဒီနေ့ မနက် ၁၀ နာရီလောက်က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကိုင်းအခြေစိုက် ကျေးရွာတပ်ပေါင်းစုက တပ်ရင်း တပ်ဖွဲ့တွေ၊ မြင်းခြံခရိုင်တပ်ရင်း ၃၊ အထက်တန်းကျောင်းသားတွေနဲ့ ကျေးရွာပြည်သူတွေ ပါဝင်ခဲ့ကြတယ်လို့ ဒေသခံနိုင်ငံရေးသမားတဦးက ပြောပါတယ်။ 

အခမ်းအနားမှာ ကျေးရွာတွင်း စီတန်းလှည့်လည်ပြီးနောက် ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမ္မာန်မှာ အလေးပြုခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ဖို့ ဟောပြောခဲ့တယ်လို့ သူက ဆိုပါတယ်။ 

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #၇၆နှစ်မြောက် #အာဇာနည်နေ့ #ဂုဏ်ပြု #အခမ်းအနား #ကျောင်းသားပြည်သူ #ကာကွယ်ရေးအဖွဲ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10