ကျောင်းသားလက်ရုံးတပ်တော်က ကျဆုံးသွားတဲ့ ရဲဘော်အားပေါင်ကို အခမ်းအနားနဲ့ သင်္ဂြိုဟ်

ကျောင်းသားလက်ရုံးတပ်တော်က ကျဆုံးသွားတဲ့ ရဲဘော်အားပေါင်ကို အခမ်းအနားနဲ့ သင်္ဂြိုဟ်

 

မကွေးတိုင်းစစ်ဒေသမှာ လှုပ်ရှားနေတဲ့ ကျောင်းသားလက်ရုံးတပ်တော်-SAF က ရဲဘော် အားပေါင်ဟာ ရက္ခိုင်ဒေသ၊ အမ်းမြိုနယ်၊ တောဟိန်းတောင်ဗျူဟာအတွင်းရှိ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ ဆီက သိရပါတယ်။

တောဟိန်းတောင်ဗျူဟာအတွင်းရှိ တိုက်ပွဲမှာ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မေလ ၁၈ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနေ့လည် ၁ နာရီခွဲခန့်မှာ ရဲဘော်အားပေါင် ကျဆုံးခဲ့တာလို့ SAF ဗဟိုကော်မတီဝင် ကိုကျော်ဟိဏ်းက မြေလတ်အသံကိုပြောပါတယ်။

"ရဲဘော်အားပေါင်က ပျော်ပျော်နေတတ်တဲ့ ရဲဘော်ပါ။ အပတ်စဉ်တူရဲဘော်တွေထဲမှာရော အပတ်စဉ်မတူတဲ့ရဲဘော်တွေထဲမှာရော လူချစ်လူခင်များပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (နပခ) အမ်းအတွက် အရေးပါတဲ့တောဟိန်းတောင်ဗျူဟာအတွင်းရှိ တိုက်ပွဲထဲမှာကျဆုံးသွားတာပါ။ မဟာမိတ်တော်လှန်ရေးအဖွဲအစည်းများမှရဲဘော်များနှင့်အတူ ရဲဝံ့စွာလက်တွဲတိုက်ပွဲဝင်နေရင်း  ကျဆုံးသွားတာပါဗျာ" လို့ ကိုကျော်ဟိဏ်း ကပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်အားပေါင်အတွက် အမိန့်ပြန်တမ်းဖတ်ကြားတာနဲ့ သင်္ဂြိုဟ်ခြင်းအခမ်းအနားကိုတော့ ယမန်နေ့ မေလ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်-SAF အနေနဲ့ မကွေးစစ်ဒေသ မင်းတုန်းမြို့နယ် တိုက်ပွဲတွေမှာလည်း သရက်ခရိုင်အမှတ်(၄)တပ်ရင်း၊ Warriors Of Liberation Force (WOLF) အဖွဲ့တို့နဲ့ ပူးပေါင်းတိုက်ပွဲဝင်နေ ပြီး မုံရွာ နယ်ဘက်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10