ကျောင်းသားလက်ရုံးတပ်တော်ရဲ့ စစ်သင်တန်းဆင်းပွဲ အာရက္ခဒေသထဲမှာ ပြုလုပ် (ရုပ်/သံ)

 

ကျောင်းသားလက်ရုံးတပ်တော် - SAF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲအခမ်းအနားကို အာရက္ခဒေသတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်ကောင်စီရဲ့ လက်အောက်မှာ စစ်မှုမထမ်းချင်သူ လူငယ်အများအပြားပါဝင်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၀) ကို SAF ရဲ့ ဗဟိုဌာနချုပ်ရှိရာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီသင်တန်းဆင်းပွဲကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားမှာ သင်တန်းဆင်းစစ်ကြောင်းက ချီတက်စစ်ရေးပြတာ၊ တပ်တော်ရဲ့စစ်ဦးစီးချုပ်၊ ဗဟိုကော်မတီဝင်နဲ့ တာဝန်ရှိသူတွေက ဂုဏ်ပြုအမှာစကားပြောတာတွေနဲ့ ထူးချွန်စစ်သည်တွေကို ဆု‌ချီးမြှင့်ပြီး ဧည့်ခံ‌ကျွေးမွေးတာတွေပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

သင်တန်းကိုတော့ အမျိုးသား၊ အမျိုးသမီးတွေအပြင် LGBT ရဲဘော်တွေလည်း ပါဝင်ခဲ့တယ်လို့ ကိုကျော်ဟိဏ်း က ဆက်ပြောပါတယ်။ ကျောင်းသားလက်ရုံးတပ်တော်ဟာ မကွေးတိုင်း၊ သရက်ခရိုင်နဲ့၊ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် တို့မှာ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင် အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ဆင်နွှဲနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာရက္ခဒေသ အမ်းမြို့နယ်တိုက်ပွဲတွေမှာလည်း စစ်ရေးအတွေ့အကြုံရရှိဖို့ အာရက္ခတပ်တော်(AA) နဲ့ ပူးတွဲတိုက်ပွဲဝင်နေတာတွေလည်း ရှိနေပါတယ်။

ကျောင်းသားလက်ရုံးတပ်အနေနဲ့ စစ်ကောင်စီအောက် စစ်မှုမထမ်းချင်လို့ ရောက်ရှိလာကြတဲ့ ရဲဘော်တွေဝင်တွေရဲ့ မိသားစုဝင်တွေနဲ့ စစ်ဘေးရှောင်တွေကိုလည်း ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ထားပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်သင်တန်းဆင်းပွဲ #ကျောင်းသားလက်ရုံးတပ်တော် # အာရက္ခဒေသ #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10