ကျောင်းသားလက်ရုံးတပ်ရဲ့ စစ်ဒေသတွေမှာ ရဲဘော်သစ်တွေကို စစ်သင်တန်းပေးနေ (ရုပ်/သံ)

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်ကောင်စီအောက်မှာ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေဟာ ကျောင်းသားလက်ရုံးတပ်တော်(SAF) ဆီကို ရောက်ရှိလာကြပါတယ်။ 

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ကျောင်းသားလက်ရုံးတပ်ကို လာရောက်စုံစမ်းကြသူ ၂၀၀၀ ကျော်ရှိပြီး အဲဒီထဲကနေ တပ်သားသစ်အဖြစ် ရောက်ရှိလာသူ ၃၀၀ ကျော်ရှိကာ အဲဒီသူတွေကိုတော့ ဧပြီလလယ် ကတည်းက အခြေခံစစ်သင်တန်းကို ပေးနေပြီလို့ SAF သတင်းထုတ်ပြန်ရေးနဲ့ပြန်ကြားရေးတာဝန်ရှိသူလည်းဖြစ် ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ကိုကျော်ဟိဏ်းက ပြောပါတယ်။ 

စစ်သင်တန်းတွေကိုတော့ မကွေးတိုင်းစစ်ရေးနယ်နဲ့၊ စစ်ကိုင်းတိုင်း မုံရွာ စစ်ရေးနယ် အပြင် မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ နယ်မြေဆိုပြီး ၃ နေရာမှာ ပေးနေတာဖြစ်တယ်လို့ သူကပြောပါတယ်။

အခြေခံစစ်သင်တန်းမှာတော့ ၃ လကြာမြင့်မှာဖြစ်ပြီး အဲဒါပြီးရင်တော့ လေ့ရေးထောက်စစ်လို့ခေါ်တဲ့ လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊ စစ်ဆင်ရေး စတဲ့ ကဏ္ဍအသီးသီးမှာ ရဲဘော်တွေ အရည်အချင်းပေါ်မူတည်ပြီးတော့ တာဝန်ပေးပြီး နေရာချထားပေးတာရှိတယ် လို့ သိရပါတယ်။

ရဲဘော်သစ်တွေ ဝင်ရောက်လာတာများပြားပေမယ့် ကြိုတင်ပြင်ဆင်ထားတာ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းကူညီမှုတွေရှိတာကြောင့် အခြေခံရိက္ခာအတွက် အခက်ခဲများများစားစားမရှိသော်လည်း တကိုယ်ရည်စစ်သုံးပစ္စည်းတွေဖြစ်တဲ့ ပွိုင့်ဖိနပ်၊ ယူနီဖောင်းတွေကို စီစဉ်ပေးရာမှာတော့ အခက်ခဲရှိတယ်လို့ သိရပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်(SAF) ဟာ အခြေစိုက်ထားရာ စစ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေသလို လက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ရေးအတွေ့အကြုံတွေကို သင်ယူတာတွေကို လုပ်ဆောင်နေပါတယ်။

တည်းဖြတ် - HP

#မြေလတ်သတင်း

#ကျောင်းသားလက်ရုံးတပ် #စစ်ဒေသ #ရဲဘော်သစ် #စစ်သင်တန်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10