ကျေးရွာတွေကို မီးဝင်ရှို့နေတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၆ ဦး သေဆုံးဟုဆို

ကျေးရွာတွေကို မီးဝင်ရှို့နေတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၆ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတွေကို မီးဝင်ရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၁ ရက် မနက် ၉ နာရီမှာ တိုက်ခိုက်ခံရတာကြောင့် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သားတွေက မီးရှို့ခံထားရတဲ့ မကျီးတုံကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်ပြီး ပင်ဇင်းကျေးရွာကို ထွက်ခွာလာချိန် ကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ People's Serveant Revolution-Wetlet မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"တိုက်ပွဲက မိနစ် ၃၀ ကျော် ကြာခဲ့တယ်။ စကစ ၆ ယောက် သေတာကို ဒရုန်းနဲ့ ထောက်လှမ်းကြည့်တဲ့အခါ အလောင်းတွေကို တွေ့ခဲ့ရလို့ အတည်ပြုနိုင်ခဲ့တာပါ။ ဒရုန်းကတော့ စကစတွေ ပစ်ခတ်လိုက်လို့ ပျက်ကျသွားခဲ့တယ်" လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ People's Serveant Revolution-Wetlet အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း မိမိတို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က စတင်ပြီးတော့ မကျီးတုံ၊ ပင်ဇင်း၊ မူးကြီး၊ ခေါတော၊ လိန်ပင်၊ မင်းစု စတဲ့ ကျေးရွာတွေကို မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၀၀၀ ကျော်လောက် ပြာကျပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10