ကျေးရွာရဲစခန်းက ကင်းပတ်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာရဲစခန်းကနေ ထွက်လာပြီး ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ HERO BROTHER MONYWA LPDF ခေါင်းဆောင် ဗိုလ်မိုးလေးက ပြောပါတယ်။ 

စက်တင်ဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီ‌ခွဲ ကင်းပုန်းပတ်တဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး ၁၆ ဦးလောက်ကို မဟာမိတ်ရဲဘော် ၂၅ ဦးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က သေဆုံးသူ ၂ ဦးကိုတော့ ရဲဘော်တွေ ကိုယ်တိုင်မြင်ခဲ့ရပြီး ၁၀ ဦးဝန်းကျင်ဒဏ်ရာရတဲ့အကြောင်းကို ဒေသခံပြည်သူအချို့ရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

သာစည်ကျေးရွာ ရဲစခန်းထဲကနေ ထွက်လာတဲ့ စစ်အုပ်စုထဲမှာ ကျောက်စစ်ပုံ အမြောက်တပ်က စစ်သား ၅ ဦး၊ သာစည်ကျေးရွာ ရဲစခန်းက ရဲ ၇ ဦးနဲ့ သာစည်ကျေးရွာ ပျူစောထီး ၄ ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို HERO  BROTHER MONYWA LPDF၊ Snipe Rangers Force (Local - PDF)၊ PHOENIX  ပြောက်ကျားတပ်ဖွဲ့၊ BLACK DRAGON၊ မုံရွာ ခရိုင်တပ်ရင်း ၂၇ တပ်ခွဲ ၄၊ မုံရွာ ခရိုင်တပ်ရင်း ၂၄ တပ်ရင်းဒုံးတပ်ဖွဲ့၊ ယင်မာပင်ခရိုင်တပ်ရင်း ၉ တပ်ခွဲ ၄၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၀ တပ်ခွဲ ၄၊ ဒေါင်းပြောက်ကျားတပ်ဖွဲ့ ၊ Sun king Envoy L-PDF ၊ Special Revolution Force၊ တောကျွဲကြီး၊ ကမြင်းမနီ နယ်စည်းမခြား၊ BLACK HERO L-PDF ၊ S.R.S L-PDF ၊ MON YWA M4 L-PDF၊ BROTHER Revolution Force MON YWA ၊ ပလဖ ၊ ကျေးရွာကာကွယ်ရေးအဖွဲ့ ၊ ညောင်ဦးခရိုင် တပ်ရင်း ၁၊ တွေ့မရှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #သာစည်ကျေးရွာ #ရဲစခန်း #စစ်တပ် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10