သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအတွင်းရှိ ကျေးရွာ ၇ ရွာအတွင်းက စစ်ဘေးရှောင်မီးဘေးသင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပြီး ဆေးဝါးပစ္စည်းတွေထောက်ပံ့ခဲ့တယ်လို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။
ဝက်လက်မြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့က စစ်မီးရှောင်နေရသူ ၄၀၇ ဦးကို သြဂုတ် ၆ ရက် မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ကျန်းမားရေးစောင့်ရှောက်မှုပြုလုပ်ပြီး ဆေးဝါးတွေ ထောက်ပံ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ ကျနော်တို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က သွားရောက်ပြီးတော့ ဆေးဝါးကုသမှုပေးခဲ့တာ၊ ကျန်းမာရေးစောင့်ရှောက်မှုသွားလုပ်တာမှာ ဆေးသင်တန်းတက်ထားတဲ့သူတွေတင်မဟုတ်ဘဲ CDM ပြုလုပ်ထားတဲ့ ဆရာ ဆရာမတွေကိုယ်တိုင်ဦးဆောင်ပြီးတော့ ဆေးဝါးကုသမှုတွေပေးကြတာပါ၊" လို့ တာဝန်ခံက ဆိုပါတယ်။
ကျန်းမာရေးစောင့်ရှောက်ပေးမှု အစီစဉ်မှာ CDM ဆရာ ဆရာမ ၄ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
"အားဆေးလိုတဲ့သူ အားဆေးထိုးပေးပြီး အကြောဆေးလိုတဲ့သူကို အကြောဆေးထိုးပေးခဲ့ပါတယ်၊ ဆီချို၊ သွေးချို တိုင်းတဲ့စက်တွေနဲ့ရောဂါတွေကို ကုသစမ်းသပ်ပေးခဲ့တာ၊ လိုအပ်တဲ့သူတွေကိုလည်း ဆေးဝါးတွေလှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်မီးဘေးသင့်ပြည်သူတွေဟာ တုပ်ကွေး၊ ဆီချို၊ သွေးချိုနဲ့ သွေးတိုးဖြစ်နေတာတွေ များတယ်" လို့ တာဝန်ခံက ဆက်လက်ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာ၊ မြစ်ကမ်းကြီးရွာ၊ တမာကုန်းရွာ၊ ဟင်္သာမရွာ၊ ပိတောက်ကုန်းရွာနဲ့ အခြား ကျေးရွာတွေကဒေသခံတွေ စစ်ရှောင်နေကြရတာလို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #စစ်ကိုင်တိုင်း #မန္တလေးတိုင်း #စစ်ရှောင် #ကျန်းမာရေး #ကုသရေး #ကူညီထောက်ပံ့ #CDM
Share Share Share