ကျေးရွာ ၇ ရွာကို လှည့်လည်ပြီး လူထုနိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်

ကျေးရွာ ၇ ရွာကို လှည့်လည်ပြီး လူထုနိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အနောက်ခြမ်းက ကျေးရွာတွေဆီကို သပိတ်ကော်မတီအဖွဲ့ဝင်တွေ သွားရောက်ကာ တော်လှန်ရေးရုပ်ရှင်ပြသပွဲတွေ လူထုနိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၈ ရက်ကစတင်ကာ စက်တင်ဘာလ ၂ ရက်နထိ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ ၇ ရွာကိုသွားကာ လူထုနဲ့တွေ့ဆုံခဲ့ပြီး ၅ ရက်တာအတွင်း ပြည်သူ ၈ ထောင်နီးပါးနဲ့ တွေ့ဆုံ စကားပြောနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“နိုင်ငံရေးဆွေးနွေးဖလှယ်ပွဲတွေလည်း လူငယ်တွေနဲ့အတူ လုပ်ခဲ့တယ်၊ လူထုကလည်း တော်လှန်ရေးအပေါ် စိတ်မကုန်သေးဘူး၊ တော်လှန်ရေးအပေါ် အားတင်းထားတယ်ဆိုတဲ့ အကြောင်းတွေ ပြန်ကြားရတယ်၊ ကလေးတွေကတော့ ရုပ်ရှင်ပြတဲ့အချိန် ပါတာပေါ့၊ သူတို့ကိုတော့ ပညာရေးပိုင်းဆိုင်ရာတွေ လူအခွင့်ရေးပိုင်းဆိုင်ရာတွေ ပြောပေးရတယ်။”လို့ ရွာပေါင်းစုံသပိတ်ကော်မတီဝင် ကိုသက်ဦး က ပြောပါတယ်။

အဆိုပါ  လူထုနဲ့တွေ့ဆုံဆွေးနွေးပွဲတွေကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ၊ လူငယ့်အားမာန်သပိတ်စစ်ကြောင်း ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မိုးခါးရေ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်၊ ရှိခဲ့သည် စတဲ့ တော်လှန်ရေး ရုပ်ရှင်တွေလည်း ပြသခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #လူထုနိုင်ငံရေး #ဆွေးနွေးပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10